လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ Major General Pasith Thiengtham ၏ဖိတ်ကြားချက်အရ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် အောက်တိုဘာ- ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။
လာအိုဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လာအိုပြည် သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ ဝပ်တိုင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သော
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များအား တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် That Laung Stupa (ထပ်လွမ်စေတီတော်)၊ Patuxai (ပတ္တူဆိုင်း Monument ၊ Wat Sisaket (ဝပ်စီစာကတ်)နှင့် Hopar Keo (မြဘုရားပလ္လင်) တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရှိရသည်။

<<zawgyi>>
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ
Tuesday , October 22 , 2019

#Myanmar_Online_News #လာအို #ချစ်ကြည်ရေး #ခရီး
No comments:
Post a Comment