Tuesday, October 22, 2019

ရရှိတဲ့ အနုပညာကြေး အနည်းငယ်သားဖြစ်သူကို ဆရာဝန်ဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ သရုပ်ဆောင် သန်းသန်းဆင့်

မြန်မာရုပ်ရှင်လောကက ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် သန်းသန်းဆင့်ကို မြန်မာပရိသတ်တွေအားလုံးက သိကြမှာပါ။ သူမဟာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့်လည်း ပရိသတ်က အထူးနှစ်သက်အားပေးတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် သူမရဲ့ ရန်တွေ့တဲ့ ဇာတ်ဝင်ခန်း ၊ အဒေါ်လုပ်တဲ့ ဇာတ်ရုပ်တွေဟာ ပီပြင်တာကြောင့်လည်း ပရိသတ်က နှစ်သက်ကြတာဆိုလည်း မမှားနိုင်ပါဘူး။

ဒီနေ့တော့ သရုပ်ဆောင် သန်းသန်းဆင့်ရဲ့ အင်တာဗျူးတစ်ခုမှာ သူ့မိသားစုလေးအကြောင်း ပြောပြလာတာကို ပြန်လည်တင်ပြပေးချင်ပါတယ်။ သူမ တို့လိုဇာတ်ပို့ဇာတ်ရံတွေဟာ ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ အဆများစွာကွာတဲ့ အနုပညာ ကြေးသာရရှိကြသူတွေဖြစ်ပြီးတော့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရင်း ဝါသနာပါရာအနုပညာကို ဆောင်ရွက်နေကြသူတွေဖြစ်ပါတယ်။
သူမ ကတော့ ဒီလို ခက်ခဲတဲ့ ရုန်းကန်မှုကနေပြီးတော့ သားလေးကို ပညာတတ်ဆရာဝန်တစ်ယောက်ဖြစ်အောင် ပျိုးထောင်ခဲ့တာကို ပြောပြလာပါတယ်။ ရရှိတဲ့ အနုပညာကြေး အနည်းငယ်နဲ့ သားဖြစ်သူကို ဆရာဝန်ဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ သရုပ်ဆောင် သန်းသန်းဆင့်အတွက် ဂုဏ်ယူပါတယ်။
Image may contain: 1 person
Image may contain: 1 person
<<zawgyi>>
ရရှိတဲ့ အနုပညာကြေး အနည်းငယ်သားဖြစ်သူကို ဆရာဝန်ဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ သရုပ်ဆောင် သန်းသန်းဆင့်
Wednesday , October 23 , 2019

မြန်မာရုပ်ရှင်လောကက ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် သန်းသန်းဆင့်ကို မြန်မာပရိသတ်တွေအားလုံးက သိကြမှာပါ။ သူမဟာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့်လည်း ပရိသတ်က အထူးနှစ်သက်အားပေးတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် သူမရဲ့ ရန်တွေ့တဲ့ ဇာတ်ဝင်ခန်း ၊ အဒေါ်လုပ်တဲ့ ဇာတ်ရုပ်တွေဟာ ပီပြင်တာကြောင့်လည်း ပရိသတ်က နှစ်သက်ကြတာဆိုလည်း မမှားနိုင်ပါဘူး။
ဒီနေ့တော့ သရုပ်ဆောင် သန်းသန်းဆင့်ရဲ့ အင်တာဗျူးတစ်ခုမှာ သူ့မိသားစုလေးအကြောင်း ပြောပြလာတာကို ပြန်လည်တင်ပြပေးချင်ပါတယ်။ သူမ တို့လိုဇာတ်ပို့ဇာတ်ရံတွေဟာ ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ အဆများစွာကွာတဲ့ အနုပညာ ကြေးသာရရှိကြသူတွေဖြစ်ပြီးတော့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရင်း ဝါသနာပါရာအနုပညာကို ဆောင်ရွက်နေကြသူတွေဖြစ်ပါတယ်။
သူမ ကတော့ ဒီလို ခက်ခဲတဲ့ ရုန်းကန်မှုကနေပြီးတော့ သားလေးကို ပညာတတ်ဆရာဝန်တစ်ယောက်ဖြစ်အောင် ပျိုးထောင်ခဲ့တာကို ပြောပြလာပါတယ်။ ရရှိတဲ့ အနုပညာကြေး အနည်းငယ်နဲ့ သားဖြစ်သူကို ဆရာဝန်ဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ သရုပ်ဆောင် သန်းသန်းဆင့်အတွက် ဂုဏ်ယူပါတယ်။

No comments:

Post a Comment