Tuesday, October 22, 2019

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသဖြင့် ပျံလွန်တော်မူခဲ့ရသော ခေးနင်းဆရာတော်အမှု ရဲတပ်ဖွဲ့မှအင်အားသုံး စုံစမ်းမှုများပြုလုပ်

Image may contain: one or more people and people sitting
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ၊ ခေးနင်းကျေးရွာ၊ ခေးနင်း ပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော်ဦးပညာဇောတ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရမှုနှင့်ပတ်သက်သည့် အကြောင်းအရင်း၊ပစ်ခတ်လုပ်ကြံသူကို ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိရေးအတွက် အင်အားသုံးစုံစမ်းရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

ဆရာတော်အား အောက်တိုဘာလ ၂၀ ရက် ည ၆ နာရီ အချိန်ခန့်က သေနတ်ဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဆရာတော်၏ ခန္ဓာကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ငါးချက် ထိမှန်ခဲ့ပြီးကြောင်း လားရှိုးမြို့နယ်မြေရဲစခန်းမှ သိရသည်။
ဆရာတော်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်ချိန်တွင် ဆရာတော် စင်္ကြန်လျှောက်နေချိန်ဖြစ်ပြီး ကျောင်းတိုက်ရှိ သံဃာတော်များမှာလည်း တရားထိုင်နေချိန်ဖြစ်ကြောင်း သိရသည်။
ခေးနင်း ပရိယတ္တိကျောင်းတိုက်ဆရာတော်၏ ဘွဲ့အမည်မှာ ဆရာတော် ဦးပညာဇောတ ဖြစ်ပြီး သက်တော် ၄၅ ၊ ဝါတော် ၂၅ ဝါ ရှိပြီဖြစ်ကြောင်း၊ ခေးနင်းကျောင်းတိုက်တွင် သံဃာတော် စုစုပေါင်း ၃၈ ပါး သီတင်းသုံး နေထိုင်လျှက်ရှိကြောင်း သိရှိရပါသည်။
Image may contain: 1 person
Image may contain: outdoor
<<Zawgyi>>
သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသဖြင့် ပျံလွန်တော်မူခဲ့ရသော ခေးနင်းဆရာတော်အမှု ရဲတပ်ဖွဲ့မှအင်အားသုံး စုံစမ်းမှုများပြုလုပ်
Tuesday , October 22 , 2019

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ၊ ခေးနင်းကျေးရွာ၊ ခေးနင်း ပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော်ဦးပညာဇောတ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရမှုနှင့်ပတ်သက်သည့် အကြောင်းအရင်း၊ပစ်ခတ်လုပ်ကြံသူကို ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိရေးအတွက် အင်အားသုံးစုံစမ်းရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။
ဆရာတော်အား အောက်တိုဘာလ ၂၀ ရက် ည ၆ နာရီ အချိန်ခန့်က သေနတ်ဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဆရာတော်၏ ခန္ဓာကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ငါးချက် ထိမှန်ခဲ့ပြီးကြောင်း လားရှိုးမြို့နယ်မြေရဲစခန်းမှ သိရသည်။
ဆရာတော်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်ချိန်တွင် ဆရာတော် စင်္ကြန်လျှောက်နေချိန်ဖြစ်ပြီး ကျောင်းတိုက်ရှိ သံဃာတော်များမှာလည်း တရားထိုင်နေချိန်ဖြစ်ကြောင်း သိရသည်။
ခေးနင်း ပရိယတ္တိကျောင်းတိုက်ဆရာတော်၏ ဘွဲ့အမည်မှာ ဆရာတော် ဦးပညာဇောတ ဖြစ်ပြီး သက်တော် ၄၅ ၊ ဝါတော် ၂၅ ဝါ ရှိပြီဖြစ်ကြောင်း၊ ခေးနင်းကျောင်းတိုက်တွင် သံဃာတော် စုစုပေါင်း ၃၈ ပါး သီတင်းသုံး နေထိုင်လျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment