Monday, October 21, 2019

ဘုရင်နှင့်ထီးနန်းအပေါ် သစ္စာမရှိသော လုပ်ရပ်များ ပြုလုပ်သောကြောင့် ကြင်ရာတော်၏ ရာထူးဘွဲ့များ ထိုင်းဘုရင် ရုပ်သိမ်း

Image may contain: 2 people, people smiling, people sitting and indoor

ထိုင်းဘုရင်အပေါ်သစ္စာမဲ့ကာ မလျော်ကန်သည့် အပြုအမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်းက ကြင်ရာတော် ဆနီနက်၏ ဘွဲ့ထူးဂုဏ်ထူးများကို ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။

ကြင်ယာတော် ဆနီနက်သည် ဘုရင်နှင့် မိဖုရားကို ဆန့်ကျင်သည့်အပြုအမှုများ လုပ်ဆောင်ပြီး ၎င်း၏အာဏာကို အသုံးပြုကာ ဘုရင့်ကိုယ်စား အမိန့်ပေးစေခိုင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တနင်္လာနေ့ထုတ် တော်ဝင်ဂေဇက်တွင် ဆနီနက်ကို ဘွဲ့အဆောင်အယောင်များ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
ထိုင်းဘုရင်သည် ၎င်း၏ လေးဦးမြောက် ဇနီးအဖြစ် မိဖုရားဆုသီဒါကို တင်မြှောက်ခဲ့ပြီး နှစ်လအကြာတွင် ဆနီနက်ကို ဇူလိုင်လကအတွင်း ကြင်ရာတော်အဖြစ် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ တော်ဝင်ကြင်ရာတော်၏ အပြုအမှုများမှာ ရိုသေမှုကင်းမဲ့ပြီး မိမိကိုယ်ကို ရည်မှန်းချက်ကြီးလွန်းကာ မိဖုရားရာထူးရယူရန် ကြိုးပမ်းကြောင်း တော်ဝင်ကြေညာချက်တွင် ပါရှိသည်။
ကြင်ရာတော် ဆနီနက်သည် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး လေယာဉ်မောင်းသူ၊ သူနာပြု၊ သက်တော်စောင့်အဖြစ် လုပ်ကိုင်ခဲ့ကာ ရာစုနှစ်တစ်ခုအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တော်ဝင်ကြင်ရာတော်အဖြစ် တင်မြှောက်ခြင်း ခံရသူဖြစ်သည်။
၎င်းကို အင်နှင်းထားသည့် တော်ဝင်အဆောင်အယောင်များ၊ ဘွဲ့များနှင့် ၎င်း၏စစ်ဘက်ဆိုင်ရာရာထူးကိုပါ ပြန်လည်ရုပ်သိမ်းရန် ထိုင်းဘုရင်က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
Image may contain: 1 person
Image may contain: 2 people, people smiling, text
Image may contain: 1 person, text
Image may contain: text
Image may contain: 3 people, people sitting
<zawgyi>
ဘုရင်နှင့်ထီးနန်းအပေါ် သစ္စာမရှိသော လုပ်ရပ်များ ပြုလုပ်သောကြောင့် ကြင်ရာတော်၏ ရာထူးဘွဲ့များ ထိုင်းဘုရင် ရုပ်သိမ်း
Tuesday , October 22 , 2019

ထိုင်းဘုရင်အပေါ်သစ္စာမဲ့ကာ မလျော်ကန်သည့် အပြုအမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်းက ကြင်ရာတော် ဆနီနက်၏ ဘွဲ့ထူးဂုဏ်ထူးများကို ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။
ကြင်ယာတော် ဆနီနက်သည် ဘုရင်နှင့် မိဖုရားကို ဆန့်ကျင်သည့်အပြုအမှုများ လုပ်ဆောင်ပြီး ၎င်း၏အာဏာကို အသုံးပြုကာ ဘုရင့်ကိုယ်စား အမိန့်ပေးစေခိုင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တနင်္လာနေ့ထုတ် တော်ဝင်ဂေဇက်တွင် ဆနီနက်ကို ဘွဲ့အဆောင်အယောင်များ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
ထိုင်းဘုရင်သည် ၎င်း၏ လေးဦးမြောက် ဇနီးအဖြစ် မိဖုရားဆုသီဒါကို တင်မြှောက်ခဲ့ပြီး နှစ်လအကြာတွင် ဆနီနက်ကို ဇူလိုင်လကအတွင်း ကြင်ရာတော်အဖြစ် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ တော်ဝင်ကြင်ရာတော်၏ အပြုအမှုများမှာ ရိုသေမှုကင်းမဲ့ပြီး မိမိကိုယ်ကို ရည်မှန်းချက်ကြီးလွန်းကာ မိဖုရားရာထူးရယူရန် ကြိုးပမ်းကြောင်း တော်ဝင်ကြေညာချက်တွင် ပါရှိသည်။
ကြင်ရာတော် ဆနီနက်သည် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး လေယာဉ်မောင်းသူ၊ သူနာပြု၊ သက်တော်စောင့်အဖြစ် လုပ်ကိုင်ခဲ့ကာ ရာစုနှစ်တစ်ခုအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တော်ဝင်ကြင်ရာတော်အဖြစ် တင်မြှောက်ခြင်း ခံရသူဖြစ်သည်။
၎င်းကို အင်နှင်းထားသည့် တော်ဝင်အဆောင်အယောင်များ၊ ဘွဲ့များနှင့် ၎င်း၏စစ်ဘက်ဆိုင်ရာရာထူးကိုပါ ပြန်လည်ရုပ်သိမ်းရန် ထိုင်းဘုရင်က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment