နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောက်တိုဘာ ၃ ရက်ကပြုလုပ်ခဲ့သော ထားဝယ်အထူး စီးပွားရေးဇုန် ကနဦးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၉)ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ (JCC) ဝန်ကြီးအဆင့် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အောင်အောင်မြင်မြင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းသည် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိမည့် ကဏ္ဍဖြစ်မည်ဟု ထိုင်းနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးMr. Saksayam Chidchob က ကတိပြု ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် ပထမဦးစွာ ထီးခီးဂိတ်မှ ရေနက်ဆိပ်ကမ်းလမ်းဝ ရောက်သည်အထိ လမ်းပိုင်းဆိုင်ရာငွေ Amount ကိုအတိုးအနည်းငယ်ဖြင့် ချေးပေး၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း Mr.Saksayam Chidchob ကပြောဆိုခဲ့သည်။
ထို့ပြင် လာမည့်နှစ်လယ်ပိုင်းတွင်လည်း အစည်းအဝေးကို နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် ယခင်အစိုးရများလက်ထက်ကတည်းကကြိုးပမ်းလာခဲ့ခြင်းဖြစ်ပြီး စီမံကိန်းတည်နေရာ၊ ယင်းတည်နေရာရှိ အခြေခံအဆောက်အအုံများ၏ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်က အချိန်ကြန့်ကြာနေခဲ့ပြီး ဖြစ်ပေါ်တိုးတက်မှုသည် မျှော်မှန်းသလောက် မရသေးခြင်းဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး လမ်းပိုင်းဆိုင်ရာ Project Report ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး မကြာမီကာလအတွင်း ထိုင်းနိုင်ငံဘက်မှ ချေးငွေ အတည်ပြုရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချေးငွေအတည်ပြုပြီးပါက တင်ဒါခေါ်ယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှုကို၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန် သည်၁၉၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ကနဦးစီမံကိန်းအဖြစ် ၂၇ စတုရန်း ကီလိုမီတာကို အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက်ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဘက်ကပါဖိတ်ခေါ်သွားရန် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
<<Zawgyi>>
Friday, October 4, 2019

No comments:
Post a Comment