အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ဥက္ကဌ ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့မှ ဦးဆန်းမင်းနိုင်နှင့် ဥက္ကဌ ဦးသိန်းလွင်တို့က အသင်းပေါ်ပေါက်လာပုံသမိုင်း၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက် ချက်များကို ရှင်းလင်း တင်ပြကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လုပ်ကိုင် စားသောက်နေကြသူများလည်းရှိကြောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင်နေထိုင်ပါက မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ကောင်းရာ ကောင်းကျိုးကို ပညာရေး၊ သာသနာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင် များစွာ လုပ်ဆောင်ပေးလျက်ရှိသည်ကို ကြားသိရသည့်အတွက် အားပေးထောက်ခံပါကြောင်း၊ အတတ်ပညာနှင့် အသိပညာကို အခြေခံ၍ တိုင်းပြည်ကို အကျိုးပြုရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကိုအကျိုးပြုလျက်ရှိပြီး တပ်မတော်သည် နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှသာလျင် တိုင်းပြည်လုံခြုံ အေးချမ်းမည်ဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံအေးချမ်းမှုရှိမှသာလျင် တိုင်းသူပြည်သားတို့၏ လုပ်ကိုင်စားသောက်ရန်အတွက် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ တိုင်းပြည် တိုးတက်ရန်အတွက် ငြိမ်းချမ်းမှုရှိရန် လိုအပ်သည့်အပြင် စီးပွားရေးတိုးတက်ကောင်းမွန်ရ မည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ကောင်းမွန်ရန်အတွက် အသိပညာ၊ အတတ်ပညာ နှင့်ပြည့်စုံသည့် ပညာတတ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ ဟိန္ဒူလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ်သစ္စာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသား လူမျိုးများ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လုပ်ကိုင်စားသောက်ကြသူများ၊ နိုင်ငံခြားသားများ စသည့်မြန်မာ နိုင်ငံတွင်နေထိုင်သူများ အားလုံးသည် သဟဇာတရှိစွာဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရောက်စေရန်လိုကြောင်း၊ နိုင်ငံရေးပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခများကြောင့် မတည်ငြိမ်မှုများ မဖြစ်ကြစေလိုကြောင်းနှင့် အရေးကြီးသည်မှာ မိမိနေထိုင်သည့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကို စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News # တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)
<<Zawgyi>>
မြန်မာပြည်တွင်နေထိုင်ပါက မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့အား လက်ခံတွေ့ဆုံစဉ်ပြောကြား
Wednesday , October 23 , 2019
အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ဥက္ကဌ ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့မှ ဦးဆန်းမင်းနိုင်နှင့် ဥက္ကဌ ဦးသိန်းလွင်တို့က အသင်းပေါ်ပေါက်လာပုံသမိုင်း၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက် ချက်များကို ရှင်းလင်း တင်ပြကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လုပ်ကိုင် စားသောက်နေကြသူများလည်းရှိကြောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင်နေထိုင်ပါက မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ကောင်းရာ ကောင်းကျိုးကို ပညာရေး၊ သာသနာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင် များစွာ လုပ်ဆောင်ပေးလျက်ရှိသည်ကို ကြားသိရသည့်အတွက် အားပေးထောက်ခံပါကြောင်း၊ အတတ်ပညာနှင့် အသိပညာကို အခြေခံ၍ တိုင်းပြည်ကို အကျိုးပြုရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကိုအကျိုးပြုလျက်ရှိပြီး တပ်မတော်သည် နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှသာလျင် တိုင်းပြည်လုံခြုံ အေးချမ်းမည်ဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံအေးချမ်းမှုရှိမှသာလျင် တိုင်းသူပြည်သားတို့၏ လုပ်ကိုင်စားသောက်ရန်အတွက် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ တိုင်းပြည် တိုးတက်ရန်အတွက် ငြိမ်းချမ်းမှုရှိရန် လိုအပ်သည့်အပြင် စီးပွားရေးတိုးတက်ကောင်းမွန်ရ မည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ကောင်းမွန်ရန်အတွက် အသိပညာ၊ အတတ်ပညာ နှင့်ပြည့်စုံသည့် ပညာတတ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ ဟိန္ဒူလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ်သစ္စာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသား လူမျိုးများ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လုပ်ကိုင်စားသောက်ကြသူများ၊ နိုင်ငံခြားသားများ စသည့်မြန်မာ နိုင်ငံတွင်နေထိုင်သူများ အားလုံးသည် သဟဇာတရှိစွာဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရောက်စေရန်လိုကြောင်း၊ နိုင်ငံရေးပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခများကြောင့် မတည်ငြိမ်မှုများ မဖြစ်ကြစေလိုကြောင်းနှင့် အရေးကြီးသည်မှာ မိမိနေထိုင်သည့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကို စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News # တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)

0 comments:
Post a Comment