Monday, October 21, 2019

သာကေတမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ သာကေတမြို့ နယ်၊ (၈)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိ ---- ဟိုတယ်၊ အခန်းအမှတ် ---- အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း တောင်ငူမြို့၊ (၂၁)ရပ်ကွက်နေ မျိုးပြည့်သျှန်ထွဏ်း ၂၈ နှစ်၊ တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်နေ ပြည့်စုံဖြိုး ၃၄ နှစ်၊ တောင်ငူမြို့၊ ပေါက်ခိုကျေးရွာနေ ဇွဲပြည့်စုံ ၂၄ နှစ်နှင့် တောင်ငူမြို့၊ သံဖြူကျေးရွာနေ ဟိန်းကိုဇင် ၂၅ နှစ်တို့အား တွေ့ရှိပြီး ၎င်းတို့ထိုင်နေသည့်အနီးရှိ စားပွဲပေါ်နှင့် စားပွဲခုံအောက်တို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၇ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၈.၀၁ သိန်း)၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အထူးအဖွဲ့မှ သိရှိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ သာကေတမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
သာကေတမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
Monday , October 21 , 2019

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ သာကေတမြို့ နယ်၊ (၈)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိ ---- ဟိုတယ်၊ အခန်းအမှတ် ---- အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း တောင်ငူမြို့၊ (၂၁)ရပ်ကွက်နေ မျိုးပြည့်သျှန်ထွဏ်း ၂၈ နှစ်၊ တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်နေ ပြည့်စုံဖြိုး ၃၄ နှစ်၊ တောင်ငူမြို့၊ ပေါက်ခိုကျေးရွာနေ ဇွဲပြည့်စုံ ၂၄ နှစ်နှင့် တောင်ငူမြို့၊ သံဖြူကျေးရွာနေ ဟိန်းကိုဇင် ၂၅ နှစ်တို့အား တွေ့ရှိပြီး ၎င်းတို့ထိုင်နေသည့်အနီးရှိ စားပွဲပေါ်နှင့် စားပွဲခုံအောက်တို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၇ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၈.၀၁ သိန်း)၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အထူးအဖွဲ့မှ သိရှိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ သာကေတမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment