စပါးတင်းတစ်ရာ ကျပ်ငါးသိန်းအနည်းဆုံးဝယ်ယူဖို့ ထုတ်ပြန်ချက်ကိုလက်တွေ့မှာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်းပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးသန်းဌေးကတိုက်တွန်းပြောဆိုလိုက်သည်။
အောက်တိုဘာလ၁၆ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် လူငယ်တွေဆုံပွဲမှာဒေသခံလူငယ်များ၏ မေးမြန်းမှုနဲ့ပတ်သက်ပြီးယခုလိုပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
“မနေ့ကပဲ ကြေငြာချက်တစ်ခုထွက်လာတယ်၊ စပါးဈေးကို ငါးသိန်းအောက်တန်းနဲ့ဝယ်မယ်လို့ ထုတ်လိုက်တယ်။သို့သော်လက်တွေ့အကောင်အထည်ဖော်ဖို့လိုတယ်၊ အရင်အစဉ်တစိုက်ကြားနေတာက ပြီးခဲ့တဲ့နှစ်ကလည်း ငါးသိန်းသတ်မှတ်လိုက်တယ်၊ သို့သော်ဝယ်မယ့်လူမရှိဘူး၊ဒီလိုအသံမျိုးတွေလည်းကြားနေရတယ်။ဒါကြောင့်မို့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ အဲဒါကို လုပ်မယ့်စီမံချက်တွေ ပြီးရင် လက်တွေ့အကောင်အထည်ဖော်ဖို့တွေ၊ ပြီးရင် ဒါကိုလေ့လာစောင့်ကြည့် သုံးသပ်ဖို့တွေပြီးမှ ဒီအပေါ်က သင်ခန်းစာ ဖြစ်စဉ်တွေကို လုပ်ကိုလုပ်ရမယ့် ကိစ္စတွေဖြစ်တဲ့အတွက် ဒီနေ့ ငါးသိန်းလို့ သတ်မှတ်လိုက်သော်ငြာလည်းပဲ အဲဒါလက်တွေ့အကောင်အထည်ဖော်ဖို့ကို ဆက်ပြီးတော့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမယ့် အခြေအနေရှိပါတယ် ”လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ပြောသည်။
ထို့အပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လွှတ်တော်မှာ တောင်သူလယ်သမားရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ( ကျောင်းကုန်း )က လွှတ်တော်ကို တင်သွင်းထားတယ်ကြောင်းယခုအစိုးရလက်ထက်မှာတောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းမပေးနိုင်ပါကလည်း ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ပါကလယ်သမားများသည်တိုင်းပြည်၏အများစု အားထားနေရသောအခြေအနေဖြစ်တာကြောင့် ချက်ချင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ဖြည့်စွက်ပြောကြားသည်။
<zawgyi>
တောင်သူလယ်သမားများ၏ စပါး တင်းတစ်ရာကို အနည်းဆုံး ကျပ်ငါးသိန်းနှုန်းနဲ့ အမှန်တစ်ကယ်ဝယ်ယူဖို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တိုက်တွန်းပြောဆို
Thursday ,October 17 ,2019
စပါးတင်းတစ်ရာ ကျပ်ငါးသိန်းအနည်းဆုံးဝယ်ယူဖို့ ထုတ်ပြန်ချက်ကိုလက်တွေ့မှာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်းပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးသန်းဌေးကတိုက်တွန်းပြောဆိုလိုက်သည်။
အောက်တိုဘာလ၁၆ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် လူငယ်တွေဆုံပွဲမှာဒေသခံလူငယ်များ၏ မေးမြန်းမှုနဲ့ပတ်သက်ပြီးယခုလိုပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
“မနေ့ကပဲ ကြေငြာချက်တစ်ခုထွက်လာတယ်၊ စပါးစျေးကို ငါးသိန်းအောက်တန်းနဲ့ဝယ်မယ်လို့ ထုတ်လိုက်တယ်။သို့သော်လက်တွေ့အကောင်အထည်ဖော်ဖို့လိုတယ်၊ အရင်အစဉ်တစိုက်ကြားနေတာက ပြီးခဲ့တဲ့နှစ်ကလည်း ငါးသိန်းသတ်မှတ်လိုက်တယ်၊ သို့သော်ဝယ်မယ့်လူမရှိဘူး၊ဒီလိုအသံမျိုးတွေလည်းကြားနေရတယ်။ဒါကြောင့်မို့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ အဲဒါကို လုပ်မယ့်စီမံချက်တွေ ပြီးရင် လက်တွေ့အကောင်အထည်ဖော်ဖို့တွေ၊ ပြီးရင် ဒါကိုလေ့လာစောင့်ကြည့် သုံးသပ်ဖို့တွေပြီးမှ ဒီအပေါ်က သင်ခန်းစာ ဖြစ်စဉ်တွေကို လုပ်ကိုလုပ်ရမယ့် ကိစ္စတွေဖြစ်တဲ့အတွက် ဒီနေ့ ငါးသိန်းလို့ သတ်မှတ်လိုက်သော်ငြာလည်းပဲ အဲဒါလက်တွေ့အကောင်အထည်ဖော်ဖို့ကို ဆက်ပြီးတော့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမယ့် အခြေအနေရှိပါတယ် ”လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ပြောသည်။
ထို့အပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လွှတ်တော်မှာ တောင်သူလယ်သမားရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ( ကျောင်းကုန်း )က လွှတ်တော်ကို တင်သွင်းထားတယ်ကြောင်းယခုအစိုးရလက်ထက်မှာတောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းမပေးနိုင်ပါကလည်း ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ပါကလယ်သမားများသည်တိုင်းပြည်၏အများစု အားထားနေရသောအခြေအနေဖြစ်တာကြောင့် ချက်ချင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ဖြည့်စွက်ပြောကြားသည်။

0 comments:
Post a Comment