Monday, October 21, 2019

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များအား ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရန် သဘောတူ

ဘင်္ဂလားဒေ့ရှ်လ ဒုက္ခသည်စခန်းများမှ ထောင်နှင့်ချီသော ဘင်္ဂါလီဒုက္ခသည်များသည် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရန် သဘောတူညီထားကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ယနေ့ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဘဟာရှန်ချားဟု အမည်ရသော ကျွန်းငယ်လေးပေါ်သို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်မည့် အရာရှိများကို လာမည့်ရက်အနည်းငယ်အတွင်း ခန့်အပ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီး မာဟ်ဘက်အလမ် က ပြောကြားသည်။ ဒုက္ခသည် ၆၀၀၀ မှ ၇၀၀၀ ခန့်ဟာ ဘဟာရှန်ချားကို ရွှေ့ပြောင်းလိုပြီး ရွှေ့ပြောင်းလိုသည့်အရေအတွက်မှာ ဆက်လက်မြင့်တက် လျက်ရှိကြောင်းလည်း သိရှိရသသည်။ ထိုကဲ့သို့ရွှေ့ပြောင်းခြင်းဖြင့် ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်လျက်ရှိသော နယ်စပ်ဒုက္ခသည်စခန်းများတွင် လူဦးရေအလွန်အကျွံထူထပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဒုက္ခသည်များကို မည်သည့်အချိန်တွင် စတင်ရွှေ့ပြောင်းမည်ဆိုသည်ကို မသိရှိသော်လည်း အဆိုပါကျွန်းပေါ်တွင် အဆောက်အအုံများဆောက်လုပ်ရေး စီမံကိန်း၌ပါဝင်သော ရေတပ်အကြီးတန်းအရာရှိတစ်ဦးကမူ လာမည့် ဒီဇင်ဘာလလောက်တွင် ဒုက္ခသည် ၅၀၀ ခန့်စတင်ရွှေ့ပြောင်းဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျွန်းပေါ်တွင်တည်ဆောက်ထားသော ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံများထဲတွင် မုန်တိုင်းတိုက်ချိန် ဒီရေတက်ခြင်းကိုကာကွယ်ပေးမည့် ၃ မီတာမြင့်သောရေကာတာတစ်ခု၊ လနှင့်ချီ၍စားသုံးနိုင်သော စားနပ်ရိက္ခာများကို သိုလှောင်နိုင်သည့် ဂိုထောင်တစ်ခုတစ်ခုတို့ ပါဝင်ကြောင်းလည်း ၎င်းက ပြောကြားသည်။
ဒုက္ခသည်များကို ရွှေ့ပြောင်းနေထိုင်စေမည့် ကျွန်းငယ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုခန့်ကမှ ပင်လယ်ထဲတွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး မိုးရာသီတွင်တိုက်ခတ်သည့် မုန်တိုင်းများ၏ဒဏ်ကို အလူးအလဲခံစားရဖွယ်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးလျက်ရှိသော်လည်း မာဟ်ဘက်အလမ် က ဒုက္ခသည်များထဲမှခေါင်းဆောင်များကို ကျွန်းပေါ်တွင်နေထိုင်ရမည့် အခြေအနေများနှင့် အဆောက်အဦ၊ အစီအမံများကို ကြည့်ရှုနိုင်ရန် ခေါ်ဆောင်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း တာဝန်ရှိကိုယ်စားလှယ်တစ်ဦး ကျွန်းပေါ်သို့လာရောက်လည်ပတ် ကြည့်ရှုလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားထားသော်လည်း ကုလသမဂ္ဂ ဘက်ကမူ ဘင်္ဂလားဒေ့ရှ်၏ ယခုအစီအစဉ်နှင့်ပတ်သက်၍ လက်တလောတွင် မည်သည့်မှတ်ချက်မျှမပေးသေးကြောင်း သိရှိရသည်။
<<zawgyi>>
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များအား ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရန် သဘောတူ
Monday , October 21 , 2019

#Myanmar_Online_News #AFP

0 comments:

Post a Comment