မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ကသာမှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကောလင်း မြို့တွင် ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အထူးအဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ကသာ မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားသွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၆/၃)ဖာလုံအနီး၊ တောထဲတွင် မသင်္ကာဖွယ်မော်တော်ယာဉ်တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၀၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၁၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး ကောလင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
ကောလင်းမြို့တွင် ကျပ် ၁၀၁၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ
Monday , October 21 , 2019
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ကသာမှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကောလင်း မြို့တွင် ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အထူးအဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ကသာ မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားသွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၆/၃)ဖာလုံအနီး၊ တောထဲတွင် မသင်္ကာဖွယ်မော်တော်ယာဉ်တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၀၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၁၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး ကောလင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

0 comments:
Post a Comment