ကိုလံဘီယာနိုင်ငံမှ သမ္မတစီးနင်းသည့် လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်တစ်စင်း နိုင်ငံအလယ်ပိုင်း ကျေးလက်ဒေသတစ်ခုတွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ခြောက်ဦးလုံး သေဆုံးခဲ့ကြောင်း ကိုလံဘီယာလေတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
လေတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်၌ လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်အမှတ် ဝဝဝ၆ ပျက်ကျမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူ ခြောက်ဦးအတွက် အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်သည် အောက်တိုဘာ ၂၅ ရက်တွင် ပျက်ခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာ ၂၇ ရက် နံနက်ရောက်သည်အထိ ပျက်ကျသည့် တည်နေရာနှင့် သေဆုံးသူအရေအတွက် အတိအကျကို အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ Bell 412 ရဟတ်ယာဉ်သည် ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ပျက်ကျသည်ဟု ယူဆရကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို သိရှိရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း လေတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref ; Xinhua
<zawgyi>
ကိုလံဘီယာ၌ သမ္မတလိုက်ပါစီးနင်းသည့် လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား
Tuesday , October 29 , 2019
ကိုလံဘီယာနိုင်ငံမှ သမ္မတစီးနင်းသည့် လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်တစ်စင်း နိုင်ငံအလယ်ပိုင်း ကျေးလက်ဒေသတစ်ခုတွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ခြောက်ဦးလုံး သေဆုံးခဲ့ကြောင်း ကိုလံဘီယာလေတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
လေတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်၌ လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်အမှတ် ဝဝဝ၆ ပျက်ကျမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူ ခြောက်ဦးအတွက် အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်သည် အောက်တိုဘာ ၂၅ ရက်တွင် ပျက်ခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာ ၂၇ ရက် နံနက်ရောက်သည်အထိ ပျက်ကျသည့် တည်နေရာနှင့် သေဆုံးသူအရေအတွက် အတိအကျကို အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ Bell 412 ရဟတ်ယာဉ်သည် ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ပျက်ကျသည်ဟု ယူဆရကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို သိရှိရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း လေတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref ; Xinhua
#Myanmar_Online_News
No comments:
Post a Comment