အောက်တိုဘာလ ၂၁ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် YCDC ၏နှစ်ပတ်တစ်ကြိမ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရောင်းချသည့်မြေကွက်များတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ရေ၊ မီး၊ လမ်း ကုန်ကျစရိတ်ကို ဝယ်ယူသူမှ ကျခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC) အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒဂုံမြို့သစ် လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ မြေကွက်ပေါင်း ငါးရာကျော်ကို ရောင်းချမည်ဖြစ်ပြီး ထိုအထဲမှ မြေကွက်ဆယ်ရာခိုင်နှုန်းခန့်တွင် အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး၊ လမ်း မရှိကြောင်း သိရှိရသည်။
အဆိုပါ အခြေခံလိုအပ်ချက် ပြည့်စုံမှုမရှိသည့်မြေကွက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပုဂ္ဂလိကကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) ခေါ်ယူပြီး တည်ဆောက်ပေးမည်ဖြစ်ပြီး ယင်းကုန်ကျစရိတ်ကို မြေကွက်ဝယ်ယူသူမှ ကျခံရမည်ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတွက်ကြောင့် ဉပမာ-မြေဖိုးသည် ပေ ၄၀×၆၀ တစ်ကွက်ကို ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့အခြေခံနှုန်းထားနဲ့ ဥပမာ သိန်း ၆၀ ကျတယ်ဆိုပါက Infrastructure စရိတ်က သိန်း ၅၀ ကျပါက အဆိုပါမြေကွက်သည် သိန်း ၁၁၀ ဖြစ်သွားမည့် အနေအထားတွင် ရှိနေသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေဝယ်ယူခွင့်လျှောက်လွှာများကို တောင်ဥက္ကလာပမြို့နယ် (၄/၆)ရပ်ကွက်၊ ဗြိဟ္မာစိုရ်လမ်းနှင့် သီလလမ်းထောင့်ရှိ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချလျက်ရှိသည်။

<<Zawgyi>>
ရန်ကုန်တိုင်းအစိုးရရောင်းချပေးနေသောမြေကွက်များမှ ရေ၊ မီး၊ လမ်း ကုန်ကျစရိတ်အား ဝယ်ယူသူမှ ကျခံရမည်
Tuesday , October 22 , 2019

#Myanmar_Online_News #ရန်ကုန်တိုင်းဒေသကြီး #မြေဝယ်ယူခွင့်လျှောက်လွှာ #YCDC
No comments:
Post a Comment