Thursday, October 17, 2019

ကျိုင်းတုံမြို့၌ ဒုတိယအကြိမ် ဓမ္မခရီးစဉ်ကြွရောက်လာသည့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ သံဃာတော်များအား ကြိုဆိုကြပြီး နေ့ဆွမ်းများဆက်ကပ်လှူဒါန်း

Image may contain: 8 people, people standing, crowd, tree and outdoor

မဲခေါင်မြစ်ဝှမ်းဒေသ ငါးနိုင်ငံမှ ဆရာတော်သံဃာတော်များပါဝင်သော အဖွဲ့သည် ဒုတိယအကြိမ် ဓမ္မခရီးစဉ် အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ တာချီလိတ်မှတဆင့် ယနေ့၁၁နာရီတွင် ကြွရောက်လာရာ တာဝန်ရှိသူများနှင့် ဒေသခံများက ကြိုဆိုကြပြီး Amazing Hotels ၌ နံနက် ၁၁နာရီ မိနစ် ၃၀က နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထိုသို့ကြိုဆိုကြရာတွင် ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင် နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဂုံရှမ်း၊လိရှမ်း၊ တိုင်းနေ၊ လွယ်၊အာခါ၊အားခေ၊ လားဟူ၊ဗမာ၊လီဆူ၊ တက္ကသိုလ်များ ရှမ်းအသင်းတို့မှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ဝတ်အသင်းများ၊ ရှမ်းတိုင်းရင်းသား ရိုးရာ ကိန္နရီကိန္နရာအက ၊တိုးနယားအက များဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြပြီး Amazing Hotels ၌ တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထိုသို့ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီးနောက် မွန်းလွဲ ၂နာရီတွင် မဟာမြတ်မုနိဘုရားကြီး၌ ဆွမ်းဆန် စိမ်းလောင်းလှူကြခြင်း၊ ညနေ ၃နာရီ မိနစ်၃၀တွင် ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသော မဟာဗောဓိပင်အား အမှတ် ၄ရပ်ကွက်၊ ဟိုခုံ ပရိယတ္တိစာသင်တိုက်ခွဲ ဆောက်လုပ်မည့် မြေနေရာ၌ စိုက်ပျိုးခြင်း၊ ညနေ ၄နာရီ မိနစ် ၃၀တွင် ကျိုင်းယင်းကျောင်းတိုက်၊ ဂုံရှမ်းဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တခေမာစာရ ဦးဆောင်၍ သံဃာတော်များနှင့်အတူ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းနှင့် သံဃာတော် ၂၇ ပါး တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း၊ ရေစက်ချ တရားနာယူခြင်း စသည့် ကုသိုလ်ကောင်းမှုအစုစုတို့ကို ဆက်လက်၍ စုပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
Image may contain: 2 people, people standing, crowd, plant, tree and outdoor
Image may contain: 4 people, people smiling, people eating, people sitting, table, food and indoor
Image may contain: 7 people, people sitting, table and indoor
Image may contain: 3 people, crowd and indoor
ရဲဝင်းထွန်း(ပြန်/ဆက်)
<zawgyi>
ကျိုင်းတုံမြို့၌ ဒုတိယအကြိမ် ဓမ္မခရီးစဉ်ကြွရောက်လာသည့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ သံဃာတော်များအား ကြိုဆိုကြပြီး နေ့ဆွမ်းများဆက်ကပ်လှူဒါန်း
Thursday ,October 17 ,2019

မဲခေါင်မြစ်ဝှမ်းဒေသ ငါးနိုင်ငံမှ ဆရာတော်သံဃာတော်များပါဝင်သော အဖွဲ့သည် ဒုတိယအကြိမ် ဓမ္မခရီးစဉ် အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ တာချီလိတ်မှတဆင့် ယနေ့၁၁နာရီတွင် ကြွရောက်လာရာ တာဝန်ရှိသူများနှင့် ဒေသခံများက ကြိုဆိုကြပြီး Amazing Hotels ၌ နံနက် ၁၁နာရီ မိနစ် ၃၀က နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထိုသို့ကြိုဆိုကြရာတွင် ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင် နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဂုံရှမ်း၊လိရှမ်း၊ တိုင်းနေ၊ လွယ်၊အာခါ၊အားခေ၊ လားဟူ၊ဗမာ၊လီဆူ၊ တက္ကသိုလ်များ ရှမ်းအသင်းတို့မှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ဝတ်အသင်းများ၊ ရှမ်းတိုင်းရင်းသား ရိုးရာ ကိန္နရီကိန္နရာအက ၊တိုးနယားအက များဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြပြီး Amazing Hotels ၌ တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထိုသို့ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီးနောက် မွန်းလွဲ ၂နာရီတွင် မဟာမြတ်မုနိဘုရားကြီး၌ ဆွမ်းဆန် စိမ်းလောင်းလှူကြခြင်း၊ ညနေ ၃နာရီ မိနစ်၃၀တွင် ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသော မဟာဗောဓိပင်အား အမှတ် ၄ရပ်ကွက်၊ ဟိုခုံ ပရိယတ္တိစာသင်တိုက်ခွဲ ဆောက်လုပ်မည့် မြေနေရာ၌ စိုက်ပျိုးခြင်း၊ ညနေ ၄နာရီ မိနစ် ၃၀တွင် ကျိုင်းယင်းကျောင်းတိုက်၊ ဂုံရှမ်းဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တခေမာစာရ ဦးဆောင်၍ သံဃာတော်များနှင့်အတူ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းနှင့် သံဃာတော် ၂၇ ပါး တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း၊ ရေစက်ချ တရားနာယူခြင်း စသည့် ကုသိုလ်ကောင်းမှုအစုစုတို့ကို ဆက်လက်၍ စုပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းထွန်း(ပြန်/ဆက်)
#Myanmar_Online_News

0 comments:

Post a Comment