အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် ကတ်တီဟာ၊ ဘတ်ဂူစာရိုင်၊ ခါဂါရိုင်နှင့် ဘာဂယ်လ်ပါရ် အပါအဝင် ခရိုင် ၁၅ ခုတွင် ရေဖုံးလွှမ်းမိုးမှုဒဏ်ကို ပြည်သူ သန်း ၂၀ ကျော် ခံစားနေရကြောင်းနှင့် သေဆုံးသူအရေအတွက် ၄၂ ဉီးအထိရှိလာခဲ့ကြောင်း နိုင်ငံပိုင် အသံလွှင့်ဌာန All India Radio မှကြေညာထားကြောင်းသိရသည်။
ဘီဟာပြည်နယ်မြို့တော် ပတ်နာတွင် ရေဖုံးလွှမ်းမှုအဆိုးဝါးဆုံးဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ခံစားခဲ့ရသည့် ခရိုင်များမှာ ဘိုချ်ပါရ်၊ ဆမ်မာစတီပါရ်၊ ဘီဂူစာရိုင်၊ လာခီဆာရိုင်၊ ဗိုင်ရှာလီနှင့် ဒတ်ဘ်ဟန်ဂါခရိုင်များ ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရက သဘာဝဘေးဖြစ်ပွားခဲ့သည့်နယ်မြေများတွင် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများ အရေးတကြီးလုပ်ဆောင်နေကြောင်းသိရပြီး
ဘီဟာပြည်နယ်ရှိ သီးခြားနယ်မြေများတွင် အောက်တိုဘာလ ၃ ရက်၌ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ ခန့်မှန်းထားချက်များအရသိရှိရသည်။

Ref-#Xinhua
<<Zawgyi>>
Thursday,October 3, 2019

#Myanmar_Online_News #အိန္ဒိယနိုင်ငံ #မိုးရွာသွန်းမှု

0 comments:
Post a Comment