ယနေ့ အောက်တိုဘာ ၄ ရက်တွင် စတင်ကျင်းပမည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ဖူးမြော်မည်ဖြစ်သဖြင့် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှစတင်၍ ညောင်ရွှေ မြို့နယ်အတွင်း လုံခြုံရေးအင်အား အထူးတိုးမြှင့်ချထားကြောင်း ဖောင်တော်ဦးဘုရားပွဲတော်ကျင်းပရေး ဂေါပကအဖွဲ့မှ လုံခြုံရေးပိုင်းတာဝန်ယူထားသည့် တာဝန်ရှိသူများမှ ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ နယ်မြေခံအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် ရှမ်းပြည်နယ် NLD ပါတီမှ လူငယ်ပါတီဝင် ခန့်မှန်းခြေ ၁ဝဝ ကျော်တို့က အတွင်းစည်း၊ အပြင်စည်းများ သတ်မှတ်၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးဘုရားများသည် အောက်တိုဘာ ၄ ရက်မှ အောက်တိုဘာ ၆ ရက်ထိ ညောင်ရွှေမြို့နယ်အတွင်း ဒေသစာရီ ကြွချီမည်ဖြစ်ကြောင်းသိရသည်။

<<Zawgyi>>
Friday, October 4, 2019

#Myanmar_Online_News #အင်းလေးဖောင်တော်ဦး #နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
No comments:
Post a Comment