Thursday, October 31, 2019

၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော် အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့

Image may contain: 1 person, indoor

၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့သည်ဟု အိန္ဒိယနိုင်ငံရွှေထည်နှင့် ကျောက်မျက်ရတနာအသင်း၏ အတွင်းရေးမှူး ဆူရန်ဒရာမက်တာက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆူရန်ဒရာမက်တာက ပြောကြားရာ၌ အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ရွှေတင်သွင်းမှုများအပေါ် ကောက်ခံသည့်သွင်းကုန်ခွန်ကို ၁၀% မှ ၁၂.၅% သို့တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ တတိယ(၃)လပတ်ကာလအတွင်း အိန္ဒိယပြည်တွင်းရွှေဈေးနှုန်းသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၁.၇% မြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်ခွန်တိုးမြှင့်မှု၊ ရွှေထည်ဝယ်ယူမှုအပေါ် အခွန် ၃%ကောက်ခံမှုနှင့် ရူပီးငွေလဲလှယ်မှုနှုန်း မတည်ငြိမ်မှုဂယက်များကြောင့် ဒီပါဝလီပွဲတော်ကာလမတိုင်မီ ရက်သတ္တပတ်(၁)ပတ်ခန့်အလိုတွင် အိန္ဒိယပြည်တွင်းရွှေဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းထက်တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၄)ဒေါ်လာခန့် မြင့်တက်သွားခဲ့ကြောင်း၊ အဆိုပါကာလသည်အိန္ဒိယပြည်သူများအနေဖြင့် ရွှေအများအပြားဝယ်ယူလေ့ရှိသည့် အချိန်ဖြစ်ရာ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ဝယ်လိုအား သိသိသာသာကျဆင်းသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ ရွှေထည်နှင့်ကျောက်မျက်ရတနာအသင်း၏ ကြေညာချက်အရ အိန္ဒိယနိုင်ငံ၌ နှစ်စဉ် ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုပမာဏမှာ ပျမ်းမျှအားဖြင့် တန်ချိန်(၄၀)ဝန်းကျင်ခန့်ရှိခဲ့ရာမှ ယခုနှစ်တွင်မူ တန်ချိန်(၃၀)ခန့်သို့ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံတစ်ဝန်း ဝယ်လိုအားလျော့နည်းနေမှုကြောင့် ရွှေလုပ်ငန်းရှင်များအနေဖြင့် မူလကရွှေတန်ချိန် (၂၀)ခန့်သာ ရောင်းချရလိမ့်မည်ဟူ၍ မျှော်မှန်းထားခဲ့သော်လည်း မျှော်မှန်းထားသည့်ပမာဏကို ကျော်လွန်ခဲ့သည်ဟု သိရှိရပါသည်။
Image may contain: 2 people, people sitting
Image may contain: 4 people, people sitting and people eating
Image may contain: 2 people, people sitting, indoor and food
Ref_#bullionvault #BSI_Myanmar #Myanmar_Online_News

<<Zawgyi>>
၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော် အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့
Friday , November 1 , 2019

၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့သည်ဟု အိန္ဒိယနိုင်ငံရွှေထည်နှင့် ကျောက်မျက်ရတနာအသင်း၏ အတွင်းရေးမှူး ဆူရန်ဒရာမက်တာက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆူရန်ဒရာမက်တာက ပြောကြားရာ၌ အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ရွှေတင်သွင်းမှုများအပေါ် ကောက်ခံသည့်သွင်းကုန်ခွန်ကို ၁၀% မှ ၁၂.၅% သို့တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ တတိယ(၃)လပတ်ကာလအတွင်း အိန္ဒိယပြည်တွင်းရွှေဈေးနှုန်းသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၁.၇% မြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်ခွန်တိုးမြှင့်မှု၊ ရွှေထည်ဝယ်ယူမှုအပေါ် အခွန် ၃%ကောက်ခံမှုနှင့် ရူပီးငွေလဲလှယ်မှုနှုန်း မတည်ငြိမ်မှုဂယက်များကြောင့် ဒီပါဝလီပွဲတော်ကာလမတိုင်မီ ရက်သတ္တပတ်(၁)ပတ်ခန့်အလိုတွင် အိန္ဒိယပြည်တွင်းရွှေဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းထက်တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၄)ဒေါ်လာခန့် မြင့်တက်သွားခဲ့ကြောင်း၊ အဆိုပါကာလသည်အိန္ဒိယပြည်သူများအနေဖြင့် ရွှေအများအပြားဝယ်ယူလေ့ရှိသည့် အချိန်ဖြစ်ရာ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ဝယ်လိုအား သိသိသာသာကျဆင်းသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ ရွှေထည်နှင့်ကျောက်မျက်ရတနာအသင်း၏ ကြေညာချက်အရ အိန္ဒိယနိုင်ငံ၌ နှစ်စဉ် ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုပမာဏမှာ ပျမ်းမျှအားဖြင့် တန်ချိန်(၄၀)ဝန်းကျင်ခန့်ရှိခဲ့ရာမှ ယခုနှစ်တွင်မူ တန်ချိန်(၃၀)ခန့်သို့ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံတစ်ဝန်း ဝယ်လိုအားလျော့နည်းနေမှုကြောင့် ရွှေလုပ်ငန်းရှင်များအနေဖြင့် မူလကရွှေတန်ချိန် (၂၀)ခန့်သာ ရောင်းချရလိမ့်မည်ဟူ၍ မျှော်မှန်းထားခဲ့သော်လည်း မျှော်မှန်းထားသည့်ပမာဏကို ကျော်လွန်ခဲ့သည်ဟု သိရှိရပါသည်။
Ref_#bullionvault #BSI_Myanmar #Myanmar_Online_News

No comments:

Post a Comment