Tuesday, October 22, 2019

ဖိလစ်ပိုင်နိုင်ငံသည် ပင်လယ်ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေရှိလာနိုင်သည့်အတွက် ရေငုပ်သင်္ဘောလိုအပ်ကြောင်း ရုရှားသံအမတ်ကြီးပြော

Image may contain: 1 person, standingImage may contain: sky, outdoor and water

၂။၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတုန်းက ဖိလစ်ပိုင်ရေတပ်စစ်သင်္ဘောအနေနဲ့ ရုရှားနိုင်ငံ ဗလာဒီဘော့စတော့မြို့ကို ချစ်ကြည်ရေးခရီးစဉ်သွားရောက်စဉ်အတွင်း Kilo-Class Diesel-Electric Submarine ဖြစ်တဲ့ Komsomolsk-Na-Amure သို့ သွားရောက်လေ့လာခဲ့ပါတယ်။ Kilo-Class Submarine တွေဟာ တန်ချိန် ၂၃၅၀ တန်၊ အလျား ၇၃.၈ မီတာရှိပြီး အမြန်နှုန်း 17 to 20 knots ထိ မောင်းနှင်နိုင်ပါတယ်။ လက်နက်တပ်ဆင်မှုအားဖြင့် တော်ပီဒို၊ ဒုံးပျံနဲ့ ရေတပ်သုံးမိုင်းတွေ တင်ဆောင်ထားရှိပါတယ်။ ရေမိုင်ပေါင်း ၆၀၀၀ ကနေ ၇၅၀၀ မိုင်ထိ မရပ်မနားခုတ်မောင်းနိုင်စွမ်းရှိပါတယ်။ ရုရှားတို့အနေနဲ့ ဖိလစ်ပိုင်ကို Kilo-Class Submarine နဲ့ပတ်သက်ပြီးတော့ Soft Loans နဲ့ ရောင်းချသွားဖို့ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။
Ref_#pna_gov_ph

<<Zawgyi>>
ဖိလစ်ပိုင်နိုင်ငံသည် ပင်လယ်ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေရှိလာနိုင်သည့်အတွက် ရေငုပ်သင်္ဘောလိုအပ်ကြောင်း ရုရှားသံအမတ်ကြီးပြော
Wednesday , October 23 , 2019

၁။ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပင်လယ်ပြင်နယ်နိမိတ်ပိုင်ဆိုင်မှုထဲမှာ ကျွန်းငယ်တွေ အတော်များပြားပါတယ်။ ဒါ့အပြင် အဖက်ဖက်ကနေလည်း ပင်လယ်ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ရေငုပ်သင်္ဘောတပ်ဖွဲ့ မဖြစ်မနေလိုအပ်လာနေပြီဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Igor Khovaev က ဖိလစ်ပိုင်နိုင်ငံ၊ မာကာတီမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကာကွယ်ရေးနဲ့ ပြည်ပရေးရာဆိုင်ရာ သတင်းထောက်တွေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ဆောင်ရွက်လာတဲ့နေရာမှာ မိမိတို့ (ရုရှား) အနေနဲ့လည်း လိုအပ်တာတွေကို ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ အလားတူပင် ရုရှားရေတပ် ရေငုပ်သင်္ဘောတပ်ဖွဲ့သည် ကမ႓ာပေါ်မှာ အကောင်းဆုံးသော Submarine Force တစ်ခုဖြစ်ကြောင်း၊ ရေငုပ်သင်္ဘောအင်အား ချဲ့ထွင်ရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ ဗီယက်နမ်နိုင်ငံကိုလည်း လိုအပ်တာတွေ အကူအညီပေးလျက်ရှိကြောင်း၊ အရှေ့တောင်အာရှဒေသ အချို့သောနိုင်ငံများတွင် ရုရှားနိုင်ငံလုပ် Kilo-Class ရေငုပ်သင်္ဘော ၆ စီး အသုံးပြုနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၂။၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတုန်းက ဖိလစ်ပိုင်ရေတပ်စစ်သင်္ဘောအနေနဲ့ ရုရှားနိုင်ငံ ဗလာဒီဘော့စတော့မြို့ကို ချစ်ကြည်ရေးခရီးစဉ်သွားရောက်စဉ်အတွင်း Kilo-Class Diesel-Electric Submarine ဖြစ်တဲ့ Komsomolsk-Na-Amure သို့ သွားရောက်လေ့လာခဲ့ပါတယ်။ Kilo-Class Submarine တွေဟာ တန်ချိန် ၂၃၅၀ တန်၊ အလျား ၇၃.၈ မီတာရှိပြီး အမြန်နှုန်း 17 to 20 knots ထိ မောင်းနှင်နိုင်ပါတယ်။ လက်နက်တပ်ဆင်မှုအားဖြင့် တော်ပီဒို၊ ဒုံးပျံနဲ့ ရေတပ်သုံးမိုင်းတွေ တင်ဆောင်ထားရှိပါတယ်။ ရေမိုင်ပေါင်း ၆၀၀၀ ကနေ ၇၅၀၀ မိုင်ထိ မရပ်မနားခုတ်မောင်းနိုင်စွမ်းရှိပါတယ်။ ရုရှားတို့အနေနဲ့ ဖိလစ်ပိုင်ကို Kilo-Class Submarine နဲ့ပတ်သက်ပြီးတော့ Soft Loans နဲ့ ရောင်းချသွားဖို့ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။
Ref_#pna_gov_ph

No comments:

Post a Comment