Monday, October 21, 2019

မြန်မာနိုင်ငံတွင် လုံခြုံမှုမရှိတော့ဘဲ သံဃာတော်တွေပါ လက်နက်ကိုင်အဖွဲ့၏ လုပ်ကြံခြင်းခံနေရကြောင်း မကွေးကျောင်းတိုက်ဆရာတော် မိန့်ကြား

Image may contain: 1 personImage may contain: one or more people and night

မြန်မာနိုင်ငံတွင်လုံခြုံမရှိတော့ဘဲ သံဃာတော်များပါ လက်နက်ကိုင်အဖွဲ့၏ လုပ်ကြံခြင်း ခံနေရကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားလိုက်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ဆရာတော် ၁ ပါးအား လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့်လုပ်ကြံခံရခြင်းနှင့်ပတ်သက်ပြီး ဆရာတော်ဦးပါမောက္ခ မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာကလုံခြုံမှုမရှိတော့ဘူး။ ဒါကိုသက်ဆိုင်ရာတာဝန်ယူထားကျတဲ့ အဓိကကတော့ ပြည်ထဲရေးပေါ့။ ဒီဖြစ်စဉ်မျိုးထက်မဖြစ်အောင်ဆောင်ရွက်ပေးကျဖို့ ဘုန်းကြီးတို့အနေနဲ့ တောင်းဆိုချင်တယ်။ လူမပြောနဲ့၊ ဘုန်ကြီးတွေတောင်အခုလုပ်ကြံခံနေရတာလေ။ နိုင်ငံကို တာဝန်ယူထားတဲ့ကာကွယ်ရေးတွေ၊ အုပ်ချုပ်ရေးတွေ၊ တရားဥပဒေစိုးမိုးရေးတွေဟာ မြောင်းထဲရောက်သွားပြီလား။ အဝီစိရောက်သွားပြီလားလို့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို မေးမြန်းချင်ပါတယ်”ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးနောင်မွန်နယ်မြေရဲစခန်း၌ (ပ)၂၄/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကိုစုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။
<zawgyi>
မြန်မာနိုင်ငံတွင် လုံခြုံမှုမရှိတော့ဘဲ သံဃာတော်တွေပါ လက်နက်ကိုင်အဖွဲ့၏ လုပ်ကြံခြင်းခံနေရကြောင်း မကွေးကျောင်းတိုက်ဆရာတော် မိန့်ကြား
Tuesday , October 22 , 2019

မြန်မာနိုင်ငံတွင်လုံခြုံမရှိတော့ဘဲ သံဃာတော်များပါ လက်နက်ကိုင်အဖွဲ့၏ လုပ်ကြံခြင်း ခံနေရကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားလိုက်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ဆရာတော် ၁ ပါးအား လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့်လုပ်ကြံခံရခြင်းနှင့်ပတ်သက်ပြီး ဆရာတော်ဦးပါမောက္ခ မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာကလုံခြုံမှုမရှိတော့ဘူး။ ဒါကိုသက်ဆိုင်ရာတာဝန်ယူထားကျတဲ့ အဓိကကတော့ ပြည်ထဲရေးပေါ့။ ဒီဖြစ်စဉ်မျိုးထက်မဖြစ်အောင်ဆောင်ရွက်ပေးကျဖို့ ဘုန်းကြီးတို့အနေနဲ့ တောင်းဆိုချင်တယ်။ လူမပြောနဲ့၊ ဘုန်ကြီးတွေတောင်အခုလုပ်ကြံခံနေရတာလေ။ နိုင်ငံကို တာဝန်ယူထားတဲ့ကာကွယ်ရေးတွေ၊ အုပ်ချုပ်ရေးတွေ၊ တရားဥပဒေစိုးမိုးရေးတွေဟာ မြောင်းထဲရောက်သွားပြီလား။ အဝီစိရောက်သွားပြီလားလို့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို မေးမြန်းချင်ပါတယ်”ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးနောင်မွန်နယ်မြေရဲစခန်း၌ (ပ)၂၄/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကိုစုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment