Tuesday, October 22, 2019

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၃ ဦး ပြည်တော်ပြန်လာရာမှ ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

အောက်တိုဘာလ ၂၁ရက် ညနေ (၆) နာရီက ထိုင်းမလေးနယ်စပ် ထိုင်းနိုင်ငံ စုန်ခလာခရိုင် စဒေါင်မြို့ သစ်တောအတွင်းမှာ ပုန်းအောင်းနေသော မြန်မာနိုင်ငံသား ၁၃ ဦး (အမျိုးသမီး ၃ဦး အမျိုးသား ၁၀ ဦး) ကို နယ်စပ် ကင်းလှည့်နေကြသော ထိုင်းနယ်ခြားစောင့်တပ် တပ်ရင်း 5021 ကတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံလိုက်ရသော မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံ မှာ အလုပ်လုပ်နေကြသူများဖြစ်ပြီး မလေးရှားမှာ အဖမ်းအဆီးတွေများလာသောကြောင့် မြန်မာနိုင်ငံသားများသည် လူမှောင်ခိုပွဲစားများနှင့် ဆက်သွယ်ပြီးယခုကဲ့သို့ လူပွဲစားတွေက နယ်စပ်လမ်းကြောင်းကနေ ခေါ်လာခဲ့ကြတာဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများတွင် သက်သေခံ စာရွတ်စာတမ်း ကိုင်ဆောင်ထားတာမတွေ့ရကာ တရားမဝင် နယ်စပ်လမ်းကမှတဆင့် ထိုင်းနိုင်ငံထဲကို ဖြတ်ပြီး မြန်မာပြည်ပြန်ကြရန်အတွက် ထိုင်းနိုင်ငံမှ လူမှောင်ခိုပွဲစားများ လာခေါ်မှာကို သစ်တောထဲကမှ စောင်နေခဲ့ကြတာဖြစ်ကြောင်း သိရသည်။

<<Zawgyi>>
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၃ ဦး ပြည်တော်ပြန်လာရာမှ ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ
Tuesday , October 22 , 2019

အောက်တိုဘာလ ၂၁ရက် ညနေ (၆) နာရီက ထိုင်းမလေးနယ်စပ် ထိုင်းနိုင်ငံ စုန်ခလာခရိုင် စဒေါင်မြို့ သစ်တောအတွင်းမှာ ပုန်းအောင်းနေသော မြန်မာနိုင်ငံသား ၁၃ ဦး (အမျိုးသမီး ၃ဦး အမျိုးသား ၁၀ ဦး) ကို နယ်စပ် ကင်းလှည့်နေကြသော ထိုင်းနယ်ခြားစောင့်တပ် တပ်ရင်း 5021 ကတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံလိုက်ရသော မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံ မှာ အလုပ်လုပ်နေကြသူများဖြစ်ပြီး မလေးရှားမှာ အဖမ်းအဆီးတွေများလာသောကြောင့် မြန်မာနိုင်ငံသားများသည် လူမှောင်ခိုပွဲစားများနှင့် ဆက်သွယ်ပြီးယခုကဲ့သို့ လူပွဲစားတွေက နယ်စပ်လမ်းကြောင်းကနေ ခေါ်လာခဲ့ကြတာဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများတွင် သက်သေခံ စာရွတ်စာတမ်း ကိုင်ဆောင်ထားတာမတွေ့ရကာ တရားမဝင် နယ်စပ်လမ်းကမှတဆင့် ထိုင်းနိုင်ငံထဲကို ဖြတ်ပြီး မြန်မာပြည်ပြန်ကြရန်အတွက် ထိုင်းနိုင်ငံမှ လူမှောင်ခိုပွဲစားများ လာခေါ်မှာကို သစ်တောထဲကမှ စောင်နေခဲ့ကြတာဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment