Monday, October 21, 2019

ကျောက်မဲ DENKO ဆီဆိုင်အား မိုင်းထောင်ခြိမ်းခြောက် ငွေတောင်းသူအား ဖမ်းမိ

Image may contain: 1 person, sitting

ကျောက်မြို့ ခိုမုန်းကျေးရွာအုပ်စုမွေတော်ကျေးရွာမှာဖွင့်လှစ်ထားတဲ့ DENKOဆီဆိုင်ထံကို အိမ်သာအတွင်းမိုင်းထောင်ထားသည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းခံသူအား ဖမ်းမိကြောင်း ကျောက်မဲမြို့မစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့မစခန်းမှူး ဒုရဲမှူးဟန်ဝင်းလှိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှသွားရောက်‌စစ်ဆေးခဲ့ရာ ဆီဆိုင်ဆိုင်အိမ်သာခွက်ဘေးမှာ မိုင်းလို့ယူဆရတဲ့ မိုင်းအတုတလုံးတွေ့ရပြီး ဆီဆိုင်မန်နေဂျာထံသို့ ငွေတောင်းခံသည့်လက်ရေးမူပါစာအားစစ်စေးကြည့်ရာငွေကျပ်ဆယ်သိန်းကို wave moneyဖြင့် ဖုန်းနံပါတ် 09774171560ကို Password 000000ဖြင့်လွှဲပေးရန်ခိုင်းစေထားတဲ့အတွက် Wave Money Call Centerရဲ့ အကူညီရယူကာ ငွေထုတ်ယူတဲ့နေရာမှာ ကျောက်မဲမြို့ ၈ရပ်ကွက်နယ်မြေ ၆ မှာဖြစ်တယ်လို့သိရတဲ့အတွက် ငွေထုတ်ယူသွားတဲ့ Wave Moneyဆိုင်ကိုသွားရောက်မြေမြန်းခဲ့ရာ ငွေထုတ်ယူသွားသူမှာ ကျောက်မဲမြို့ ၈ရပ်ကွက် နယ်မြေ ၆မှာအိမ်ငှားနေထိုင်သူ စောအေးမြင့်ဆန်း(ခ)စောချစ် ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ၎င်းနေအိမ်သို့ သွားရောက်စစ်ဆေးတဲ့အခါ နေအိမ်မှငွေတောင်းခံသည့် ဖုန်းနံပါတ် 09774171560ဖုန်းနံပါတ်ပါ ဆင်းကဒ်နှင့် အခြားသက်သေပါပစ္စည်းများနဲ့အတူ ဖမ်းစီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တရားခံစောအေးမြင့်ဆန်းကို ဥပဒေအတိုင်းအရေးယူနိုင်ရန်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
No photo description available.
No photo description available.
No photo description available.
Image may contain: text
<<zawgyi>>
ကျောက်မဲ DENKO ဆီဆိုင်အား မိုင်းထောင်ခြိမ်းခြောက် ငွေတောင်းသူအား ဖမ်းမိ
Monday , October 21 , 2019

ကျောက်မြို့ ခိုမုန်းကျေးရွာအုပ်စုမွေတော်ကျေးရွာမှာဖွင့်လှစ်ထားတဲ့ DENKOဆီဆိုင်ထံကို အိမ်သာအတွင်းမိုင်းထောင်ထားသည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းခံသူအား ဖမ်းမိကြောင်း ကျောက်မဲမြို့မစခန်းမှ သိရှိရသည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့မစခန်းမှူး ဒုရဲမှူးဟန်ဝင်းလှိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှသွားရောက်‌စစ်ဆေးခဲ့ရာ ဆီဆိုင်ဆိုင်အိမ်သာခွက်ဘေးမှာ မိုင်းလို့ယူဆရတဲ့ မိုင်းအတုတလုံးတွေ့ရပြီး ဆီဆိုင်မန်နေဂျာထံသို့ ငွေတောင်းခံသည့်လက်ရေးမူပါစာအားစစ်စေးကြည့်ရာငွေကျပ်ဆယ်သိန်းကို wave moneyဖြင့် ဖုန်းနံပါတ် 09774171560ကို Password 000000ဖြင့်လွှဲပေးရန်ခိုင်းစေထားတဲ့အတွက် Wave Money Call Centerရဲ့ အကူညီရယူကာ ငွေထုတ်ယူတဲ့နေရာမှာ ကျောက်မဲမြို့ ၈ရပ်ကွက်နယ်မြေ ၆ မှာဖြစ်တယ်လို့သိရတဲ့အတွက် ငွေထုတ်ယူသွားတဲ့ Wave Moneyဆိုင်ကိုသွားရောက်မြေမြန်းခဲ့ရာ ငွေထုတ်ယူသွားသူမှာ ကျောက်မဲမြို့ ၈ရပ်ကွက် နယ်မြေ ၆မှာအိမ်ငှားနေထိုင်သူ စောအေးမြင့်ဆန်း(ခ)စောချစ် ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ၎င်းနေအိမ်သို့ သွားရောက်စစ်ဆေးတဲ့အခါ နေအိမ်မှငွေတောင်းခံသည့် ဖုန်းနံပါတ် 09774171560ဖုန်းနံပါတ်ပါ ဆင်းကဒ်နှင့် အခြားသက်သေပါပစ္စည်းများနဲ့အတူ ဖမ်းစီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တရားခံစောအေးမြင့်ဆန်းကို ဥပဒေအတိုင်းအရေးယူနိုင်ရန်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment