အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်ခွဲထွက်ရေး အဆုံးအဖြတ်ပေးရန် ဗြိတိန်လွှတ်တော်က ရွှေ့ဆိုင်းလိုက်တဲ့အတွက် ယခုလကုန် နောက်ဆုံးထား ခွဲထွက်ရေး အစီအစဉ်လည်း မရေမရာ ဖြစ်သွားခဲ့သည်။
ဗြိတိန်ခွဲထွက်ရေးအတွက် ဝန်ကြီးချုပ် Boris Johnson က EU နဲ့ ညှိနှိုင်းရရှိထားတဲ့ သဘောတူညီချက်ကို အတည်ပြုနိုင်ရေး ဗြိတိန်လွှတ်တော်မှာ အောက်တိုဘာလ ၁၉ ရက်တွင် အရေးပေါ် ညီလာခံ ကျင်းပပြီး အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ထောက်ခံမဲ ၃၂၂ မဲ၊ ကန့်ကွက်မဲ ၃၀၆ မဲနဲ့ ဥပဒေအဖြစ် လွှတ်တော်က အတည်ပြုတဲ့အချိန်အထိ ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
အဆိုပါလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သတ်မှတ်ရက်မှာ ခွဲထွက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ရက်ထပ်တိုးဖို့ EU ကို ဝန်ကြီးချုပ် Johnson က တောင်းခံရတော့မှာ ဖြစ်သည်။
EU ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ရာမှာထောက်ခံမဲ ၅၂%၊ ကန့်ကွက်မဲ ၄၈% ဖြင့် လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အတည်ပြုခဲ့တာဖြစ်ကြောင်း သိရှိရသည်။
<<Zawgyi>>
ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်ခွဲထွက်ရေး သဘောတူညီချက် အတည်ပြုဆုံးဖြတ်ရေး ရက်ရွှေ့ဆိုင်း
Sunday , October 20 , 2019
အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်ခွဲထွက်ရေး အဆုံးအဖြတ်ပေးရန် ဗြိတိန်လွှတ်တော်က ရွှေ့ဆိုင်းလိုက်တဲ့အတွက် ယခုလကုန် နောက်ဆုံးထား ခွဲထွက်ရေး အစီအစဉ်လည်း မရေမရာ ဖြစ်သွားခဲ့သည်။
ဗြိတိန်ခွဲထွက်ရေးအတွက် ဝန်ကြီးချုပ် Boris Johnson က EU နဲ့ ညှိနှိုင်းရရှိထားတဲ့ သဘောတူညီချက်ကို အတည်ပြုနိုင်ရေး ဗြိတိန်လွှတ်တော်မှာ အောက်တိုဘာလ ၁၉ ရက်တွင် အရေးပေါ် ညီလာခံ ကျင်းပပြီး အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ထောက်ခံမဲ ၃၂၂ မဲ၊ ကန့်ကွက်မဲ ၃၀၆ မဲနဲ့ ဥပဒေအဖြစ် လွှတ်တော်က အတည်ပြုတဲ့အချိန်အထိ ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
အဆိုပါလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သတ်မှတ်ရက်မှာ ခွဲထွက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ရက်ထပ်တိုးဖို့ EU ကို ဝန်ကြီးချုပ် Johnson က တောင်းခံရတော့မှာ ဖြစ်သည်။
EU ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ရာမှာထောက်ခံမဲ ၅၂%၊ ကန့်ကွက်မဲ ၄၈% ဖြင့် လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အတည်ပြုခဲ့တာဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News #EU #ဗြိတိန်နိုင်ငံခွဲထွက်ရေး #Boris_Johnson #ဗြိတိန်ဝန်ကြီးချုပ်

0 comments:
Post a Comment