ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ Project Bank ထဲတွင် ထည့်သွင်းထားသည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းများအပါအဝင်စီမံကိန်း ၁၄၇ ခုမှာ လွှတ်တော်သို့ တင်ပြဆောင်ရွက်ခြင်းမရှိသည့်အတွက် လွှတ်တော်ကမှတ်တမ်းအဖြစ်သာ ထားရှိလိုက်ကြောင်း သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ ဒလမြို့သစ်စီမံကိန်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်မည့် စီမံကိန်း ၁၄၇ ခုတွင် လွှတ်တော်စီမံကိန်း ၂ ခုကိုသာ အတည်ပြုခဲ့ပြီး ကျန်စီမံကိန်းများကိုမှတ်တမ်းအဖြစ်သာထားရှိရန်ဆုံးဖြတ်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆောင်ရွက်မည့် စီမံကိန်းများတွင် MOU ထိုးမည်ဆိုပါက သက်ဆိုင်ရာလွှတ်တာ်၏ သဘောတူညီချက်မပါဘဲလုံးဝဆောင်ရွက်၍ ရမည်မဟုတ်ဘဲတိုင်းဒေသကြီး ပြည်နယ်ကဆောင်ရွက်မည့် စီမံကိန်းအခြေအနေအတိအကျကိုလွှတ်တော်သို့ တင်ပြရတော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းရေးဆွဲရာတွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီနှင့်လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းနောက်ဆက်တွဲအခန်း ၃ကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆွေးနွေးခဲ့ကြသည်။

#Myanmar_Online_News #ProjectBank #ဒလမြို့သစ်စီမံကိန်း #မိုးပျံအမြန်လမ်းစီမံကိန်း #ရန်ကုန်တိုင်း #လွှတ်တော်
<<Zawgyi>>
Friday, October 4, 2019

No comments:
Post a Comment