Monday, October 21, 2019

Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်မှ သားနှစ်ဦးအတွက် အသနားခံစာတင်ထား

Image may contain: 1 person

ယနေ့ အောက်တိုဘာလ ၂၁ ရက် နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှ နာမည်ကြီး ဗစ်တိုးရီးယားအမှုမှာ တရားလိုပြ သက်သေထဲတွင် ပါနေတဲ့ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးသည် ကျန်းမာရေးအရ စိတ်ထိခိုက်နေသည့်အတွက် သက်သေစာရင်းထဲမှ ပယ်ဖျက်ပေးနိုင်ရေး ခရိုင်ဥပဒေရုံးတွင် အသနားခံစာတင်ထားကြောင်း Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူ ဒေါ်ဥမ္မာလှိုင်က ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ထွက်ဆိုသွားပါတယ်။

ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေ ၂၇ဦးကို စစ်ဆေးဖို့ရှိနေပြီး အဲ့ဒီအထဲမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေတွင် သူမရဲ့ သားနှစ်ဦးအနေဖြင့် ကျောင်းသွားဖို့တောင် မနည်းခေါ်နေရပြီး လူစည်ကားရာ ဈေးထဲတောင် မသွားရဲ၊ မလာရဲ ဖြစ်နေကြောင်းး သားနှစ်ဦး၏ ဂုဏ်သိက္ခာအတွက် တရားစွဲထားသော ဒေါ်ဥမ္မာလှိုင်က ပြောကြားခဲ့သည်။
ယနေ့ထူးခြားချက်အနေဖြင့် အမှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရသော ရှေ့နေ ဒေါ်စုဒါလီအောင် ကိုယ်တိုင် တရားလို ဒေါ်ဥမ္မာလှိုင်ကို တရားခွင်ထဲမှာ ပြန်လှန်မေးခွန်း မေးခဲ့တာ တွေ့ရသည်။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို စွဲချက်တင်သင့်၊ မသင့် လာမယ့်နှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ အမိန့်ချမယ်လို့ ပုဗ္ဗသီရိမြို့နယ်တရားသူကြီးက ယနေ့မနက်မှာ တရားခွင်ကို အသိပေးထားကြောင်း သိရသည်။
<<Zawgyi>>
Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်မှ သားနှစ်ဦးအတွက် အသနားခံစာတင်ထား
Monday , October 21 , 2019

ယနေ့ အောက်တိုဘာလ ၂၁ ရက် နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှ နာမည်ကြီး ဗစ်တိုးရီးယားအမှုမှာ တရားလိုပြ သက်သေထဲတွင် ပါနေတဲ့ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးသည် ကျန်းမာရေးအရ စိတ်ထိခိုက်နေသည့်အတွက် သက်သေစာရင်းထဲမှ ပယ်ဖျက်ပေးနိုင်ရေး ခရိုင်ဥပဒေရုံးတွင် အသနားခံစာတင်ထားကြောင်း Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူ ဒေါ်ဥမ္မာလှိုင်က ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ထွက်ဆိုသွားပါတယ်။
ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေ ၂၇ဦးကို စစ်ဆေးဖို့ရှိနေပြီး အဲ့ဒီအထဲမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေတွင် သူမရဲ့ သားနှစ်ဦးအနေဖြင့် ကျောင်းသွားဖို့တောင် မနည်းခေါ်နေရပြီး လူစည်ကားရာ ဈေးထဲတောင် မသွားရဲ၊ မလာရဲ ဖြစ်နေကြောင်းး သားနှစ်ဦး၏ ဂုဏ်သိက္ခာအတွက် တရားစွဲထားသော ဒေါ်ဥမ္မာလှိုင်က ပြောကြားခဲ့သည်။
ယနေ့ထူးခြားချက်အနေဖြင့် အမှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရသော ရှေ့နေ ဒေါ်စုဒါလီအောင် ကိုယ်တိုင် တရားလို ဒေါ်ဥမ္မာလှိုင်ကို တရားခွင်ထဲမှာ ပြန်လှန်မေးခွန်း မေးခဲ့တာ တွေ့ရသည်။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို စွဲချက်တင်သင့်၊ မသင့် လာမယ့်နှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ အမိန့်ချမယ်လို့ ပုဗ္ဗသီရိမြို့နယ်တရားသူကြီးက ယနေ့မနက်မှာ တရားခွင်ကို အသိပေးထားကြောင်း သိရသည်။

0 comments:

Post a Comment