Tuesday, October 22, 2019

ရွာငံမြို့နယ်၌ WYဆေးပြား ၇သိန်းအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှသိမ်းဆည်းရမိ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်က ရွာငံမြို့နယ်၊ ညောင်လေးခွကျေးရွာအနီး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျော်နိုင်လွင် (ခ)ချစ်နိုင်လွင်(၂၅)နှစ်မောင်းနှင်သည့် 5P/×××× Probox ယာဉ်(လိုင်စင်-စိစစ်ဆဲ)အား စစ်ဆေးရန်တားဆီးခဲ့ရာ မော်တော်ယာဉ်အား နောက်ပြန်လှည့်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ရွာငံမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအနီး ဘုရားကြီးကုန်း-ဂနိုင်ယားကျေးရွာသွားလမ်းအရောက်၌ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ အဆိုပါယာဉ်အား စစ်ဆေးရှာဖွေရာ ဒက်ရှ်ဘုတ်နှင့် ကြမ်းခင်းအံဝှက်အတွင်းတို့မှ WY စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀၀အား သိမ်းဆည်းရမိခဲ့သဖြင့် ကျော်နိုင်လွင်(ခ)ချစ်နိုင်လွင်(ဖမ်းမိ) အား ရွာငံမြို့မရဲစခန်း မယ(ပ)၁၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
<<Zawgyi>>

Tuesday , October 22 , 2019

0 comments:

Post a Comment