

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေ ဖြင့် ဗုဒ္ဓကလျာနယု၀ အသင်း(YMBA)၏ ဂုဏ်ထူးဆောင်နာယကဖြစ်လာပြီးနောက် အသင်းရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက်အဆောက် အဦပြုပြင်မွမ်းမံခြင်းအပါအဝင် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်းသိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ “YMBA အသင်းကြီးက အမျိုးဘာသာ သာသနာကို မပျောက်ပျက်အောင် ဦးတည်ပြီး စောင့်ရှောက်နေတဲ့ အသင်းကြီးတစ်ခု ဖြစ်တယ်။ မြန်မာနိုင်ငံဟာ လူဦးရေး သန်းပေါင်း ၁၄၀၀ကျော်ရှိတဲ့ တရုတ်နိုင်ငံ၊ သန်းပေါင်း ၇၀၀ရာကျော်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ သန်းပေါင်း ၁၆၆သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သန်းပေါင်း ၇၀ကျော်ရှိတဲ့ ထိုင်းနိုင်ငံ စတဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ ထိစပ်နေတယ်။ အဲဒီတော့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့လိုတယ်။ အမျိုး ဘာသာ သာသနာ ကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ YMBA အသင်းကြီးက နှစ်ပေါင်းများစွာ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဦးတည်ချက်နဲ့ ဆောင်ရွက်နေတာဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောဆန္ဒနဲ့ ထပ်တူ ညီမျှဖြစ်ကြောင်း" ပြောကြားသွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ YMBA အသင်းက တပ်မတောကာကွယ်ရေးဦးစီးချုပ်ကို မမဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ခဲ့ကာ ဂုဏ်ထူးဆောင်နာယကအဖြစ်ခန့်အပ်ခဲ့သည်။
ဗုဒ္ဓကလျာနယု၀ အသင်းသည် လွတ်လပ်ရေးမရမီ ၁၉၀၆ခုနှစ်ကတည်း က စတင်တည်ထောင်ခဲ့ သည့် အသင်းဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ပေါင်း ၁၁၃နှစ် သက်တမ်းရှိပြီဖြစ်သည်။



<<Zawgyi>>
YMBA အသင်းရေရှည်တည်တံ့ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှကူညီမည်ဟုပြောကြား
Tuesday , October 22 , 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ဗုဒ္ဓကလျာနယုဝ အသင်း(YMBA)၏ ဂုဏ်ထူးဆောင်နာယက ဖြစ်လာပြီးနောက် အသင်းရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အဆောက်အဦပြုပြင်မွမ်းမံခြင်းအပါအဝင် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်းသိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ “YMBA အသင်းကြီးက အမျိုး ဘာသာ သာသနာကို မပျောက်ပျက်အောင် ဦးတည်ပြီး စောင့်ရှောက်နေတဲ့ အသင်းကြီးတစ်ခု ဖြစ်တယ်။ မြန်မာနိုင်ငံဟာ လူဦးရေး သန်းပေါင်း ၁၄၀၀ကျော်ရှိတဲ့ တရုတ်နိုင်ငံ၊ သန်းပေါင်း ၇၀၀ရာကျော်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ သန်းပေါင်း ၁၆၆သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သန်းပေါင်း ၇၀ကျော်ရှိတဲ့ ထိုင်းနိုင်ငံ စတဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ ထိစပ်နေတယ်။ အဲဒီတော့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့လိုတယ်။ အမျိုး ဘာသာ သာသနာ ကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ YMBA အသင်းကြီးက နှစ်ပေါင်းများစွာ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဦးတည်ချက်နဲ့ ဆောင်ရွက်နေတာဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောဆန္ဒနဲ့ ထပ်တူ ညီမျှဖြစ်ကြောင်း" ပြောကြားသွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ YMBA အသင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မမဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ခဲ့ကာ ဂုဏ်ထူးဆောင်နာယကအဖြစ်ခန့်အပ်ခဲ့သည်။
ဗုဒ္ဓကလျာနယုဝ အသင်းသည် လွတ်လပ်ရေးမရမီ ၁၉၀၆ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ သည့် အသင်းဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ပေါင်း ၁၁၃နှစ် သက်တမ်းရှိပြီဖြစ်သည်။
#Myanmar_Online_News #YMBA #တပ်မတော်ကာကွယ်ရေးဦးစီးချုပ် #EPN






0 comments:
Post a Comment