AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့ ဖမ်းဆီးသွားသော NLD အမတ် ဦးဝှေ့တင်း၏ အသက်အန္တရာယ်ကို မိသားစုဝင်များက စိုးရိမ်နေကြပြီး ၎င်းမိသားစုများထံ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံးချုပ်မှ အားပေးစကားများပြောကာ နှစ်သိမ့်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၉ ရက် နေ့လယ် (၁) နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုအလုပ်အလုပ် အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြ သော ဦးဉာဏ်ဝင်း၊ ဦးသိန်းဦးနှင့် ဒေါက်တာမျိုးညွန့်တို့ကို ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်၊ အမှတ် ၁၂ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ်ခေါ် ဆလိုင်းမျိုးထပ်နှင့် မတူပီမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးပါထန်း တို့က လာရောက်တွေ့ဆုံ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးဝှေ့တင်း ကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“ အဓိကကတော့ ဗဟိုအနေနဲ့ ထုတ်ပြန်ချက်ထုတ်ဖို့ ကိုဆွေးနွေးခဲ့ပါတယ်။ မိသားစုကလည်း သူရဲ့အသက်ကို စိုးရိမ်သလို ကျွန်တော်တို့ကလည်း စိုးရိမ်နေပါတယ်။ ခုချိန်ထိတော့ မလွှတ်သေးဘူး။ ဖမ်းဆီးထားဆဲပါ”ဟု ပလက်ဝမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင် ကပြောသည်။
NLD အမတ် ဦးဝှေ့တင်းဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ၎င်း၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းလည်း ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကလည်း သတင်းထောက်များအား ပြောကြားထားသည်။
<zawgyi>
AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့ ဖမ်းဆီးသွားသော NLD အမတ် ဦးဝှေ့တင်း၏ မိသားစုများထံ NLD ရုံးချုပ်မှ အားပေးစကားဆို
Sunday, November 10, 2019
AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့ ဖမ်းဆီးသွားသော NLD အမတ် ဦးဝှေ့တင်း၏ အသက်အန္တရာယ်ကို မိသားစုဝင်များက စိုးရိမ်နေကြပြီး ၎င်းမိသားစုများထံ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံးချုပ်မှ အားပေးစကားများပြောကာ နှစ်သိမ့်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၉ ရက် နေ့လယ် (၁) နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုအလုပ်အလုပ် အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြ သော ဦးဉာဏ်ဝင်း၊ ဦးသိန်းဦးနှင့် ဒေါက်တာမျိုးညွန့်တို့ကို ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်၊ အမှတ် ၁၂ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ်ခေါ် ဆလိုင်းမျိုးထပ်နှင့် မတူပီမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးပါထန်း တို့က လာရောက်တွေ့ဆုံ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးဝှေ့တင်း ကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“ အဓိကကတော့ ဗဟိုအနေနဲ့ ထုတ်ပြန်ချက်ထုတ်ဖို့ ကိုဆွေးနွေးခဲ့ပါတယ်။ မိသားစုကလည်း သူရဲ့အသက်ကို စိုးရိမ်သလို ကျွန်တော်တို့ကလည်း စိုးရိမ်နေပါတယ်။ ခုချိန်ထိတော့ မလွှတ်သေးဘူး။ ဖမ်းဆီးထားဆဲပါ”ဟု ပလက်ဝမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင် ကပြောသည်။
NLD အမတ် ဦးဝှေ့တင်းဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ၎င်း၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းလည်း ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကလည်း သတင်းထောက်များအား ပြောကြားထားသည်။
No comments:
Post a Comment