ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် ကျုံဘုတ်ကျေးရွာတွင် တိုးမြစ်ရေတိုက် စားသဖြင့်ကမ်းပြိုကျမှုများဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပြီး လူနေအိမ်များလည်း ပြောင်းရွှေ့လိုက်ရကြောင်းဒေသခံများထံမှသိရသည်။
ဒေးဒရဲမြို့နယ်၊ကျုံဘုတ်ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်မှစတင်ကာ တိုးမြစ်ရေတိုက်စားသဖြင့် ကမ်းပါးပြိုကျ မှုကြောင့် လူနေအိမ် ၃ လုံးကိုဖြိုဖျက် ပြောင်းရွှေ့ခဲ့ရကာ ကမ်းပြိုကျမှုမှာ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေကြောင်း သိရသည်။
''ကမ်းပြိုကျတာက ဖြစ်နေတုန်းပါ ဆက်လက်ပြီးလည်းပြိုကျနိုင်ပါတယ် အခုအိမ်ဖျက်ပြောင်းရွှေ့ရတဲ့ နေရာအသစ်မှာက အနေအထိုင်မကျ တာတွေ့ရှိပါတယ် ကမ်းစပ်မှာနေပြီး ရေလုပ်ငန်း လုပ်သူတွေမို့ပါ အခုယာယီ ပြောင်းရွှေ့နေတဲ့ နေရာကမ်းနဲ့ အလှမ်း ဝေးပါတယ် ရေရှည်အလုပ်မရှိရင်တော့ အဆင်မပြေနိုင်ဘူး''ဟု ကျုံဘုတ်ကျေးရွာမှ သဘာဝဘေးသင့် ဒေသခံ ဦးဇော်နိုင်ကပြောသည်။
''ကမ်းပြိုကျတဲ့ နေရာကိုလည်း ကွင်းဆင်းထားပါတယ်။ လတ်တလော လိုအပ်တာတွေလည်း ကူညီပေးထားပါတယ်။ ရေရှည် အတွက် ကာကွယ်ရေးလုပ်ငန်းကိုလည်း ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ '' ဟု ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြတ်အောင် ပြောသည်။
အဆိုပါ ဒေသရှိပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ကမ်းပြိုကျလာခြင်းကြောင့် ဖြိုဖျက်ပြောင်းရွှေ့ရသည့် လူနေအိမ်များမှ ဓနိမိုး၊ သွပ်မိုး၊ ပျဉ်ကာ၊ ထရံကာ၊ကွန်ကရစ်အိမ်များလည်းပါဝင်ပြီး လက်ရှိကမ်းပြိုကျနေသည့် နေရာနှင့်အနီးဆုံးတွင် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိ ကြောင်းသိရသည်။
(Zawgyi)
ဒေးဒရဲမြစ်ကမ်းပြိုမှု အိမ်ခြေ ၁၀၀ ကျော် ခြိမ်းခြောက်ခံရ
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် ကျုံဘုတ်ကျေးရွာတွင် တိုးမြစ်ရေတိုက် စားသဖြင့်ကမ်းပြိုကျမှုများဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပြီး လူနေအိမ်များလည်း ပြောင်းရွှေ့လိုက်ရကြောင်းဒေသခံများထံမှသိရသည်။
ဒေးဒရဲမြို့နယ်၊ကျုံဘုတ်ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်မှစတင်ကာ တိုးမြစ်ရေတိုက်စားသဖြင့် ကမ်းပါးပြိုကျ မှုကြောင့် လူနေအိမ် ၃ လုံးကိုဖြိုဖျက် ပြောင်းရွှေ့ခဲ့ရကာ ကမ်းပြိုကျမှုမှာ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေကြောင်း သိရသည်။
''ကမ်းပြိုကျတာက ဖြစ်နေတုန်းပါ ဆက်လက်ပြီးလည်းပြိုကျနိုင်ပါတယ် အခုအိမ်ဖျက်ပြောင်းရွှေ့ရတဲ့ နေရာအသစ်မှာက အနေအထိုင်မကျ တာတွေ့ရှိပါတယ် ကမ်းစပ်မှာနေပြီး ရေလုပ်ငန်း လုပ်သူတွေမို့ပါ အခုယာယီ ပြောင်းရွှေ့နေတဲ့ နေရာကမ်းနဲ့ အလှမ်း ဝေးပါတယ် ရေရှည်အလုပ်မရှိရင်တော့ အဆင်မပြေနိုင်ဘူး''ဟု ကျုံဘုတ်ကျေးရွာမှ သဘာဝဘေးသင့် ဒေသခံ ဦးဇော်နိုင်ကပြောသည်။
ဒေးဒရဲမြို့နယ်၊ကျုံဘုတ်ကျေးရွာမှ ကမ်းပြိုဘေးသင့်ပြည်သူများသည် လက်ရှိတွင် ဘေးလွတ်ရာကို ယာယီ ပြောင်းရွှေ့နေထိုင်နေကြပြီး အိမ်ဖျက် ပြောင်းရွှေ့ရသော်လည်း လူနှင့် တရိစ္ဆာန်များ ထိခိုက်သေဆုံး ဒဏ်ရာရရှိ ခြင်းမရှိကြောင်းသိရသည်။
''ကမ်းပြိုကျတဲ့ နေရာကိုလည်း ကွင်းဆင်းထားပါတယ်။ လတ်တလော လိုအပ်တာတွေလည်း ကူညီပေးထားပါတယ်။ ရေရှည် အတွက် ကာကွယ်ရေးလုပ်ငန်းကိုလည်း ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ '' ဟု ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြတ်အောင် ပြောသည်။
အဆိုပါ ဒေသရှိပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ကမ်းပြိုကျလာခြင်းကြောင့် ဖြိုဖျက်ပြောင်းရွှေ့ရသည့် လူနေအိမ်များမှ ဓနိမိုး၊ သွပ်မိုး၊ ပျဉ်ကာ၊ ထရံကာ၊ကွန်ကရစ်အိမ်များလည်းပါဝင်ပြီး လက်ရှိကမ်းပြိုကျနေသည့် နေရာနှင့်အနီးဆုံးတွင် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိ ကြောင်းသိရသည်။

0 comments:
Post a Comment