Sunday, November 10, 2019

ဖင်လန်နိုင်ငံရဲ့ ကမ်းခြေတစ်ခုတွင် ရေခဲဥများ ဖုံးလွှမ်း

Image may contain: ocean, sky, cloud, outdoor, water and nature

ဖင်လန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ထောင်နဲ့ချီတဲ့ ရေခဲလုံး ရေခဲဥတွေကို စတင်တွေ့ရှိခဲ့တာကတော့ သုတေသီတွေမဟုတ်ပဲ သာမန်အရပ်သားတစ်ဦးသာ ဖြစ်ပါတယ်။ ရစ္စတို မက်တီလာဆိုသူနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ တနင်္ဂနွေနေ့က ဖင်လန်နိုင်ငံ ဟိုင်လူအိုတို ကျွန်းက မာဂျန်နီမီကမ်းခြေတလျှောက်မှာ လမ်းလျှောက်ရင်း အဲဒီ ရေခဲဥတွေကိုတွေ့တာကြောင့် ဓာတ်ပုံမှတ်တမ်းတင်ခဲ့တာပါ။ ရေခဲဥတွေဟာ ကမ်းခြေတလျှောက် ၉၈ ပေလောက်ဖုံးလွှမ်းနေကြောင်း သိရှိရပါတယ်။

”အကြီးဆုံးဥတွေဟာ လူတွေကန်တဲ့ ဘောလုံးတစ်လုံးအရွယ်လောက်ရှိတယ် ”လို့ မက်တီလာကပြောပါတယ်။
ဖင်လန်နိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒဌာနက ရေခဲကျွမ်းကျင်သူ ဂျိုနီဗီယာနီယိုကတော့ ခုအဖြစ်အပျက်ဟာ သာမန်မဟုတ်ပေမယ့် ရာသီဥတုအခြေအနေအရ တခါတစ်လေတော့ ဒါမျိုးဖြစ်လာနိုင်ပြီး သုညဒီဂရီအောက်လေထုအပူချိန်နဲ့ ရေခဲမှတ်နားနီးတဲ့ ရေအပူချိန်တို့ အရ ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းတွေဟာ ရေခဲဥတွေဖြစ်သွားနိုင်ချေရှိပါတယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
Image may contain: outdoor, water and nature
Image may contain: sky, ocean, outdoor, water and nature
<<zawgyi>>
ဖင်လန်နိုင်ငံရဲ့ ကမ်းခြေတစ်ခုတွင် ရေခဲဥများ ဖုံးလွှမ်း
Sunday, November 10, 2019

ဖင်လန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ထောင်နဲ့ချီတဲ့ ရေခဲလုံး ရေခဲဥတွေကို စတင်တွေ့ရှိခဲ့တာကတော့ သုတေသီတွေမဟုတ်ပဲ သာမန်အရပ်သားတစ်ဦးသာ ဖြစ်ပါတယ်။ ရစ္စတို မက်တီလာဆိုသူနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ တနင်္ဂနွေနေ့က ဖင်လန်နိုင်ငံ ဟိုင်လူအိုတို ကျွန်းက မာဂျန်နီမီကမ်းခြေတလျှောက်မှာ လမ်းလျှောက်ရင်း အဲဒီ ရေခဲဥတွေကိုတွေ့တာကြောင့် ဓာတ်ပုံမှတ်တမ်းတင်ခဲ့တာပါ။ ရေခဲဥတွေဟာ ကမ်းခြေတလျှောက် ၉၈ ပေလောက်ဖုံးလွှမ်းနေကြောင်း သိရှိရပါတယ်။
”အကြီးဆုံးဥတွေဟာ လူတွေကန်တဲ့ ဘောလုံးတစ်လုံးအရွယ်လောက်ရှိတယ် ”လို့ မက်တီလာကပြောပါတယ်။
ဖင်လန်နိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဌာနက ရေခဲကျွမ်းကျင်သူ ဂျိုနီဗီယာနီယိုကတော့ ခုအဖြစ်အပျက်ဟာ သာမန်မဟုတ်ပေမယ့် ရာသီဥတုအခြေအနေအရ တခါတစ်လေတော့ ဒါမျိုးဖြစ်လာနိုင်ပြီး သုညဒီဂရီအောက်လေထုအပူချိန်နဲ့ ရေခဲမှတ်နားနီးတဲ့ ရေအပူချိန်တို့ အရ ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းတွေဟာ ရေခဲဥတွေဖြစ်သွားနိုင်ချေရှိပါတယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
#Metro news #Myanmar_Online_News

No comments:

Post a Comment