Sunday, November 10, 2019

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မွန်ဆင့်ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: one or more people and people sitting

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော ပူးပေါင်း အဖွဲ့သည် သတင်းအရ ယနေ့နံနက် ၇ နာရီ မိနစ် ၅ဝ ခန့်တွင် စီခမ်းကြီးကျေးရွာအုပ်စု၊ မွန်ဆင့်ကျေးရွာနေ ဒေါ်စောလှိုင်(ဘ) ဦးအုန်းရွှေ၏နေအိမ်အား သွားရောက် ရှာဖွေရာ ၎င်းအား နေအိမ်အိပ်ခန်းအတွင်း၌ ဘိန်းဖြူထည့်ထားသည့် ရောင်စုံခွက် နှစ်ခွက်(ခန့်မှန်း ၁၈ ဂရမ်) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား မံစီမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
<zawgyi>
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မွန်ဆင့်ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Sunday, November 10, 2019

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော ပူးပေါင်း အဖွဲ့သည် သတင်းအရ ယနေ့နံနက် ၇ နာရီ မိနစ် ၅ဝ ခန့်တွင် စီခမ်းကြီးကျေးရွာအုပ်စု၊ မွန်ဆင့်ကျေးရွာနေ ဒေါ်စောလှိုင်(ဘ) ဦးအုန်းရွှေ၏နေအိမ်အား သွားရောက် ရှာဖွေရာ ၎င်းအား နေအိမ်အိပ်ခန်းအတွင်း၌ ဘိန်းဖြူထည့်ထားသည့် ရောင်စုံခွက် နှစ်ခွက်(ခန့်မှန်း ၁၈ ဂရမ်) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား မံစီမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment