အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လန်နီရာ ထရမ့်တို့ဟာ ဒဲလာဝဲလ်ပြည်နယ်က ဒိုဗာလေတပ်အခြေစိုက်စခန်းတစ်ခုကို သွားရောက်ပြီး အာဖဂန်မှာ ကျဆုံးခဲ့တဲ့ စစ်သည်နှစ်ဦးကို သွားရောက်အလေးပြုခဲ့ပါတယ်။
အဆိုပါစစ်သည်နှစ်စီးဟာ အာဖဂန်မှာ အခုသီတင်းပတ်အတွင်း ရဟတ်ယာဉ်ပျက်ကျမှုမှာ ပါဝင်သေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်သည်နှစ်ဦးရဲ့ အလောင်းတွေ ဒိုဗာလေတပ်စခန်းကို ဆိုက်ရောက်လာချိန်မှာ ထရမ့်က ငြိမ်သက်စွာ ရပ်တန့် အလေးပြုခဲ့ပြီး သမ္မတကတော်ကလည်း ရင်ဘက်ပေါ် လက်တင်ပြီး ငြိမ်သက်စွာ ဆုတောင်းပေးခဲ့ပါတယ်။
ကျဆုံးစစ်သည်အလောင်းများလွှဲပြောင်းတာကို မြင်တွေ့ရတာက သမ္မတတစ်ယောက်အနေနဲ့ အခက်အခဲဆုံးအလုပ်ဖြစ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
Ref; Foxnews
(Unicode)
သမ္မတတစ်ယောက်အနေဖြင့် ကျဆုံးစစ်သည်များကို မြင်တွေ့ရခြင်းမှာ အခက်အခဲဆုံးအလုပ်ဟု ထရမ့်ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လန်နီရာ ထရမ့်တို့ဟာ ဒဲလာဝဲလ်ပြည်နယ်က ဒိုဗာလေတပ်အခြေစိုက်စခန်းတစ်ခုကို သွားရောက်ပြီး အာဖဂန်မှာ ကျဆုံးခဲ့တဲ့ စစ်သည်နှစ်ဦးကို သွားရောက်အလေးပြုခဲ့ပါတယ်။
အဆိုပါစစ်သည်နှစ်စီးဟာ အာဖဂန်မှာ အခုသီတင်းပတ်အတွင်း ရဟတ်ယာဉ်ပျက်ကျမှုမှာ ပါ၀င်သေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်သည်နှစ်ဦးရဲ့ အလောင်းတွေ ဒိုဗာလေတပ်စခန်းကို ဆိုက်ရောက်လာချိန်မှာ ထရမ့်က ငြိမ်သက်စွာ ရပ်တန့် အလေးပြုခဲ့ပြီး သမ္မတကတော်ကလည်း ရင်ဘက်ပေါ် လက်တင်ပြီး ငြိမ်သက်စွာ ဆုတောင်းပေးခဲ့ပါတယ်။
ကျဆုံးစစ်သည်အလောင်းများလွှဲပြောင်းတာကို မြင်တွေ့ရတာက သမ္မတတစ်ယောက်အနေနဲ့ အခက်အခဲဆုံးအလုပ်ဖြစ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
Ref; Foxnews
No comments:
Post a Comment