Sunday, November 10, 2019

မက္ကဆီကိုတွင် မူးယစ်ဆက်နွယ်ဂိုဏ်းသားများ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ဝေးလံခေါင်ဖျားဒေသ လုံခြုံရေးလှည့်ကင်းအား အကြမ်းဖက်တိုက်ခိုက်ခြင်းအတွက် အာဏာပိုင်တို့ ပြင်းထန်စွာကန့်ကွက်

Image may contain: one or more people and outdoorImage may contain: one or more people and text

မက္ကဆီနိုင်ငံတောင်ဖက် ကုန်းမြင့်ပိုင်းလူနည်းစုတို့နေထိုင်ရာ အွာဟာကာပြည်နယ်တွင် ခြုံခိုတိုက်ခိုက်ခြင်းခံရသဖြင့် ရဲတပ်ဖွဲ့ ၅ ဦးထက်မနည်း သေဆုံးပြီး ၂ ဦး ဒါဏ်ရာရရှိသည်ဟု AP အားကိုးကား၍ Dhaka Tribune က ယမန်နေ့ ရေးသားသည်။

လွန်ခဲ့သည့် သောကြာနေ့ မွန်းလွဲပိုင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နယ်မြေမှာ ပြည်နယ်မြို့တော်နှင့် မိုင် ၅၀ ခန့်ဝေးပြီး လူဦးရေ ၄,၀၀၀ မျှသာရှိသည့် တိုင်းရင်းသားလူနည်းစုတို့ နေထိုင်ရာဖြစ်ကြောင်း သိရှိရသည်။
ဝေးလံခေါင်ဖျားဒေသ ကင်းလှည့် လုံခြုံရေးတာဝန်ထမ်းဆောင်သူ ရဲတပ်ဖွဲဝင်တို့အား တိုက်ခိုက်ခံရခြင်းအတွက် ပြင်း ထန်စွာရှုတ်ချကြောင်း၊ အကြမ်းဖက်မှု့ကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။
လတ်တလောကာလ မက္ကဆီကိုတွင် ရာဇဝတ်မှု့နွယ်သော အကြမ်းဖက်မှု့များဖြစ်ပွားလျှက်ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လတွင် ဆန်ဂျိုစီမြို့တော်ဝန်နှင့် အစိုးရဝန်ထမ်းများမှာ လက်နက်ကိုင် သတ်ဖြတ်ခြင်းခံရသည်။
မက္ကဆီတပ်မတော်သည် ၂၀၀၆ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ တာဝန်ပေးခြင်းခံရသည်။ တပ်မတော်နှင့် မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်လုပ်ငန်း စီးပွားဖက်တို့အကြား အကြမ်းဖက်မှု့များ ဖြစ်ပေါ်သည်ဟု အပြစ်တင်ခြင်းခံရသည်။
မက္ကဆီကို၌ မူးယစ်ဆက်နွယ်အများစုဖြစ်သော လူသတ်မှု့ ၂၅၀,၀၀၀ ( နှစ်သိန်းငါးသောင်း ) ရှိနေသည်။ ပြည်တွင်းစစ်မီးတောက်လောင်လျှက်ရှိသော ဆီးရီးယား၊ အာဖဂန်တို့ လူသေဆုံးပမာဏထက်ပင် ကျော်လွန်ကာ အမြင့်ဆုံးအဆင့်ရောက်လျှက် ရှိနေသည်။
Ref ; HtayOung
<zawgyi>

#Myanmar_Online_News

No comments:

Post a Comment