ဖျာပုံမြို့နှင့်အမာမြို့သို့ ဆက်သွယ်သွားထားသော ကားလမ်းမပေါ်ရှိ ဆိပ်မဘေလီချောင်းကူး တံတားသည် ယမန်နေ့ည ၁၁နာရီ၄၅မိနစ်က ဆိပ်မချောင်းအတွင်းသို့ ပြိုကျခဲ့သည်။
အမာမြို့ဘက်မှ ပီနန်အုန်းသီးများ တင်ဆောင်လာသော CANDA အမျိုးအစား မော်တော်ယာဉ်သည် အဆိုပါ တံတားပေါ်သို့ ဖြတ်မောင်းနေစဉ် တံတားအလယ်အရောက်၌ ရေလယ်တိုင်ကျိုးကျပြီး ဆိပ်မရဲကင်းစခန်းဘက်သို့ ပေ(၁၇၀)ခန့်ပြိုကျခဲ့သည်။ တံတားပြိုကျမှုကြောင့် ဖြတ်မောင်းနေသည့် ကုန်တင်ကား ရေထဲနစ်မြုပ်ခဲ့သော်လည်း လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းသိရသည်။
ဆိပ်မတံတားအား ၁၉၉၇ခုနှစ်က ဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုခဲ့ရာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၃ ရက် တွင် ချောင်းအတွင်း ပြိုကျပျက်စီးခဲ့သည်။ ထို့ကြောင့် တံတားအထူးအဖွဲ့မှ ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့၍ သွားလာမှု အဆင်ပြေချောမွေ့ခဲ့ပြီး ယခုတစ်ဖန် ပြိုကျပျက်စီးခဲ့ကြောင်း လမ်းဉီးစီးဌာနမှ သိရသည်။
အမာမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တံတားပြိုကျရာသို့ သွားရောက်ကြည့်ရှု၍ တံတားပြိုကျနေစဉ်အတွင်း သွားလာမှု အဆင်ပြေစေရေးအတွက် ကူးတို့လှေ၃စီးဖြင့် စီစဉ်ထားကြောင်းနှင့် လမ်းဦးစီးဌာနမှတဆင့် တံတားအထူးအဖွဲ့သို့ ချိတ်ဆက်ကာ ပြန်လည်ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ဆိပ်မတံတားသည် အလျားပေ ၂၈၀၊ အနံ၁၂.၄ပေရှိသည့် ဘေလီအမျိုးအစားဖြစ်ပြီး မိုင်တိုင်အမှတ်(၃၆/၂)တွင် တည်ဆောက်ထားသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)
<zawgyi>
ကုန်တင်ကားဖြတ်မောင်းစဉ် ဖျာပုံ-အမာ ဆက်သွယ်ရေးကားလမ်းမပေါ်ရှိ ဆိပ်မဘေလီချောင်းကူး တံတားပြိုကျ
Sunday, November 10, 2019
ဖျာပုံမြို့နှင့်အမာမြို့သို့ ဆက်သွယ်သွားထားသော ကားလမ်းမပေါ်ရှိ ဆိပ်မဘေလီချောင်းကူး တံတားသည် ယမန်နေ့ည ၁၁နာရီ၄၅မိနစ်က ဆိပ်မချောင်းအတွင်းသို့ ပြိုကျခဲ့သည်။
အမာမြို့ဘက်မှ ပီနန်အုန်းသီးများ တင်ဆောင်လာသော CANDA အမျိုးအစား မော်တော်ယာဉ်သည် အဆိုပါ တံတားပေါ်သို့ ဖြတ်မောင်းနေစဉ် တံတားအလယ်အရောက်၌ ရေလယ်တိုင်ကျိုးကျပြီး ဆိပ်မရဲကင်းစခန်းဘက်သို့ ပေ(၁၇၀)ခန့်ပြိုကျခဲ့သည်။ တံတားပြိုကျမှုကြောင့် ဖြတ်မောင်းနေသည့် ကုန်တင်ကား ရေထဲနစ်မြုပ်ခဲ့သော်လည်း လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းသိရသည်။
ဆိပ်မတံတားအား ၁၉၉၇ခုနှစ်က ဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုခဲ့ရာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၃ ရက် တွင် ချောင်းအတွင်း ပြိုကျပျက်စီးခဲ့သည်။ ထို့ကြောင့် တံတားအထူးအဖွဲ့မှ ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့၍ သွားလာမှု အဆင်ပြေချောမွေ့ခဲ့ပြီး ယခုတစ်ဖန် ပြိုကျပျက်စီးခဲ့ကြောင်း လမ်းဉီးစီးဌာနမှ သိရသည်။
အမာမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တံတားပြိုကျရာသို့ သွားရောက်ကြည့်ရှု၍ တံတားပြိုကျနေစဉ်အတွင်း သွားလာမှု အဆင်ပြေစေရေးအတွက် ကူးတို့လှေ၃စီးဖြင့် စီစဉ်ထားကြောင်းနှင့် လမ်းဦးစီးဌာနမှတဆင့် တံတားအထူးအဖွဲ့သို့ ချိတ်ဆက်ကာ ပြန်လည်ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ဆိပ်မတံတားသည် အလျားပေ ၂၈၀၊ အနံ၁၂.၄ပေရှိသည့် ဘေလီအမျိုးအစားဖြစ်ပြီး မိုင်တိုင်အမှတ်(၃၆/၂)တွင် တည်ဆောက်ထားသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)
#Myanmar_Online_News

0 comments:
Post a Comment