တောင်ကြီးမြို့၏ ၇၂ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန် လှည့်လည် လှူဒါန်းပွဲကို နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းမှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက် စီတန်းလှည့်လည် ခဲ့ကြကြောင်း သိရှိရသည်။
တောင်ကြီးမြို့နယ် အတွင်းရှိ သည့် ရှမ်း၊ပအိုဝ်း၊ဓနု၊ တောင်ရိုး ၊အင်း နှင့် အခြားတိုင်းရင်းသားပေါင်းစုံနှင့်ဒေသခံပြည်သူများမှ အဆိုပါ မြို့လုံးကျွတ် ကထိန်ပွဲတွင် ပါဝင်ခဲ့ကြပြီး ခန့်မှန်းလူဦးရေ တစ်သိန်း နှင့် ကထိန် ပဒေသာပင် ၂၀၀၀ခန့် ပါဝင်လှည့်လည်ခဲ့ကြသည်။
ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲ လာရောက်လည်ပတ်သူများနှင့် တောင်ကြီးဒေသခံ များပါ မြို့လုံးကျွတ် ကထိန်လည့်လည်ပွဲကို လာရောက်ကြည့်ရှူ ကြသည်။
ညနေပိုင်းတွင် ပဒေသာပင်အရေအတွက်၊ပဒေသာတွင်ပါဝင်သည့် ပစ္စည်းအမျိုးအမည်များ နှင့် တန်ဖိုးငွေစုစုပေါင်းအား မြို့လယ် ဓမ္မာရုံ တွင် ထားရှိ တွက်ချက်မည်ဖြစ်ကြောင်း တောင်ကြီး မြို့လည် ဓမ္မာရုံဂေါပက အဖွဲ့မှ သတင်းရရှိသည်။
တောင်ကြီးမြို့ ၏ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲမှ အလှူပဒေသာပင်များကို တောင်ကြီးမြို့ ရှိ မြို့လည်
ဓမ္မာရုံတွင်လက်ခံထားရှိထားပြီး ကျောင်းတိုက် ပေါင်း ၉၁ ကျောင်းကို ပြန်လည်လှူဒါန်းပေးပို့မည်ဖြစ် ကြောင်း တောင်ကြီး မြို့လယ် ဓမ္မာရုံဂေါပက အဖွဲ့မှ သတင်းရရှိသည်။

<zawgyi>
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ ၇၂ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်မှုမြင်ကွင်း
Sunday, November 10, 2019
တောင်ကြီးမြို့၏ ၇၂ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန် လှည့်လည် လှူဒါန်းပွဲကို နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းမှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက် စီတန်းလှည့်လည် ခဲ့ကြကြောင်း သိရှိရသည်။
တောင်ကြီးမြို့နယ် အတွင်းရှိ သည့် ရှမ်း၊ပအိုဝ်း၊ဓနု၊ တောင်ရိုး ၊အင်း နှင့် အခြားတိုင်းရင်းသားပေါင်းစုံနှင့်ဒေသခံပြည်သူများမှ အဆိုပါ မြို့လုံးကျွတ် ကထိန်ပွဲတွင် ပါဝင်ခဲ့ကြပြီး ခန့်မှန်းလူဦးရေ တစ်သိန်း နှင့် ကထိန် ပဒေသာပင် ၂၀၀၀ခန့် ပါဝင်လှည့်လည်ခဲ့ကြသည်။
ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲ လာရောက်လည်ပတ်သူများနှင့် တောင်ကြီးဒေသခံ များပါ မြို့လုံးကျွတ် ကထိန်လည့်လည်ပွဲကို လာရောက်ကြည့်ရှူ ကြသည်။
ညနေပိုင်းတွင် ပဒေသာပင်အရေအတွက်၊ပဒေသာတွင်ပါဝင်သည့် ပစ္စည်းအမျိုးအမည်များ နှင့် တန်ဖိုးငွေစုစုပေါင်းအား မြို့လယ် ဓမ္မာရုံ တွင် ထားရှိ တွက်ချက်မည်ဖြစ်ကြောင်း တောင်ကြီး မြို့လည် ဓမ္မာရုံဂေါပက အဖွဲ့မှ သတင်းရရှိသည်။
တောင်ကြီးမြို့ ၏ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲမှ အလှူပဒေသာပင်များကို တောင်ကြီးမြို့ ရှိ မြို့လည်
ဓမ္မာရုံတွင်လက်ခံထားရှိထားပြီး ကျောင်းတိုက် ပေါင်း ၉၁ ကျောင်းကို ပြန်လည်လှူဒါန်းပေးပို့မည်ဖြစ် ကြောင်း တောင်ကြီး မြို့လယ် ဓမ္မာရုံဂေါပက အဖွဲ့မှ သတင်းရရှိသည်။

0 comments:
Post a Comment