Monday, November 18, 2019

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ် ဆိုင်းငံ့

အမေရိကန်- တောင်ကိုရီးယား ပျံသန်းတိုက်ခိုက်မှုဆိုင်ရာ ပူးတွဲလေ့ကျင့်ရေး အစီအစဉ်တစ်ခုကို ဆိုင်းငံ့ လိုက်ကြောင်း အမေရိကန်ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဉီး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံပူးတွဲစစ်ဉီးစီးချုပ်ရုံး ဉက္ကဋ္ဌ Mark Milley က ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းမှာ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းသို့ မြောက်ကိုရီးယားနိုင်ငံ ပြန်လည်ဝင်ရောက်လာရန် အတွက် အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးပေးလိုက်ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်း တို့က ယင်းဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းလေ့ကျင့်ပျံသန်းမှု အစီအစဉ်သည် အမေရိကန်လေတပ် နှင့် တောင်ကိုရီးယားလေတပ်မှ လေယာဉ်မှူးများအတူတကွပါဝင်၍ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ လေ့ကျင့်ပျံသန်းရေး အစီအစဉ်တစ်ခုဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ၂၀၁၈ ခုနှစ်ကလည်း အလားတူ လေ့ကျင့်ပျံသန်းမှု အစီအစဉ်တစ်ခုဖြစ်သော Vigilant Eagle လေ့ကျင့်ပျံသန်းမှု အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

(Zawgyi)
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ် ဆိုင်းငံ့

ဝါရှင်တန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)
အမေရိကန်- တောင်ကိုရီးယား ပျံသန်းတိုက်ခိုက်မှုဆိုင်ရာ ပူးတွဲလေ့ကျင့်ရေး အစီအစဉ်တစ်ခုကို ဆိုင်းငံ့ လိုက်ကြောင်း အမေရိကန်ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဉီး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံပူးတွဲစစ်ဉီးစီးချုပ်ရုံး ဉက္ကဋ္ဌ Mark Milley က ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းမှာ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းသို့ မြောက်ကိုရီးယားနိုင်ငံ ပြန်လည်ဝင်ရောက်လာရန် အတွက် အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးပေးလိုက်ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်း တို့က ယင်းဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းလေ့ကျင့်ပျံသန်းမှု အစီအစဉ်သည် အမေရိကန်လေတပ် နှင့် တောင်ကိုရီးယားလေတပ်မှ လေယာဉ်မှူးများအတူတကွပါဝင်၍ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ လေ့ကျင့်ပျံသန်းရေး အစီအစဉ်တစ်ခုဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ၂၀၁၈ ခုနှစ်ကလည်း အလားတူ လေ့ကျင့်ပျံသန်းမှု အစီအစဉ်တစ်ခုဖြစ်သော Vigilant Eagle လေ့ကျင့်ပျံသန်းမှု အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment