
လွှတ်တော်တက်ရန်လာသည့် ချင်းအမတ် ဦးဝှေ့တင်အား ဖမ်းဆီးခြင်းသည် ပြည်သူလူထုဆန္ဒ နှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက် ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က အေအေကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။
ဒေါက်တာလှမိုးတင်သည့် " ပြည်သူလူထု ကရွေးကောက်တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်အား (၃.၁၁.၂၀၁၉)ရက်နေ့တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တက်ရောက်ရန်လာရောက်ခဲ့သည့် ခရီးစဉ် အတွင်း ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော် ကဆောင်ရွက်နေသည့် အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒ နှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက် ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော် က ပြင်းထန်းစွာ ကန့်ကွက် ရှုတ်ချကြောင်း နှင့် ယခုကဲ့သို့ ဦးဝှေ့တင် နှင့်တကွ ဝန်ထမ်းများ အရပ်သားများကိုဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းစွာ ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်တောင်းဆိုကြောင်း" အဆိုကို ကိုယ်စားလှယ်များဆွေးနွေးပြီး မဲခွဲဆုံးဖြတ်စဉ် ထောက်ခံမဲများသဖြင့် အဆိုကိုအတည်ပြုကာ ကန့်ကွက် ရှုတ်ချလိုက်ခြင်းဖြစ်သည်။
ထောက်ခံမဲပေးသူ ၃၇၆ဦး၊ကန့်ကွက်သူ ၇ဦး၊ကြားနေ ၃ဦး၊မဲမပေးသူ ၁၉၀ဦး ရှိခဲ့သည်ကိုလည်း တွေ့ရသည်။
လွှတ်တော်တက်ရန်လာသည့် ချင်းအမတ် ဦးဝှေ့တင်းကို နိုဝင်ဘာလ ၃ရက်နေ့က အေအေက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်သေးဘဲ မြန်မာ့တပ်မတော်နှင့် ဆက်စပ်နေသူဟု စွပ်စွဲထားသည်။
တပ်မတော်ဘက်က အေအေ၏ စွပ်စွဲချက်ကို ပယ်ချထားသည့်အပြင် လွှတ်ပေးရန်အတွက် NLDပါတီက စာထုတ်တောင်းဆိုခြင်း၊ချင်းအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုခြင်းများပြုလုပ်ထားသော်လည်း အေအေဘက်က တစ်စုံတစ်ရာတုန့်ပြန်မှုများ မပြုလုပ်သေးကြောင်းသိရသည်။
(Unicode)
လႊတ္ေတာ္တက္ရန္လာသည့္ ခ်င္းအမတ္ ဦးေဝွ႕တင္အား ဖမ္းဆီးျခင္းသည္ ျပည္သူလူထုဆႏၵ ႏွင့္ ကိုယ္စားျပဳမွုအေပၚ တိုက္ရိုက္ဆန႔္က်င္ အၾကမ္းဖက္ျခင္းျဖစ္သျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္ က ေအေအကို ျပင္းထန္စြာ ကန႔္ကြက္ရွုတ္ခ်
လႊတ္ေတာ္တက္ရန္လာသည့္ ခ်င္းအမတ္ ဦးေဝွ႕တင္အား ဖမ္းဆီးျခင္းသည္ ျပည္သူလူထုဆႏၵ ႏွင့္ ကိုယ္စားျပဳမွုအေပၚ တိုက္ရိုက္ဆန႔္က်င္ အၾကမ္းဖက္ ျခင္းျဖစ္သျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္က ေအေအကို ျပင္းထန္စြာ ကန႔္ကြက္ ရွုတ္ခ်လိုက္သည္။
ေဒါက္တာလွမိုးတင္သည့္ " ျပည္သူလူထု ကေရြးေကာက္တင္ေျမႇာက္ထားသည့္ ခ်င္းျပည္နယ္ မဲဆႏၵနယ္ အမွတ္(၁၁)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္အား (၃.၁၁.၂၀၁၉)ရက္ေန႔တြင္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး တက္ေရာက္ရန္လာေရာက္ခဲ့သည့္ ခရီးစဥ္ အတြင္း ရခိုင္လက္နက္ကိုင္ အဖြဲ႕ (AA)က အၾကမ္းဖက္ ဖမ္းဆီးေခၚေဆာင္ထားျခင္းသည္ နိုင္ငံေတာ္ ကေဆာင္ရြက္ေနသည့္ အမ်ိဳးသား ရင္ၾကားေစ့ေရး ႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မွုတို႔အျပင္ ျပည္သူလူထုဆႏၵ ႏွင့္ ကိုယ္စားျပဳမွုအေပၚ တိုက္ရိုက္ဆန႔္က်င္ အၾကမ္းဖက္ ျခင္းျဖစ္သျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္ က ျပင္းထန္းစြာ ကန႔္ကြက္ ရွုတ္ခ်ေၾကာင္း ႏွင့္ ယခုကဲ့သို႔ ဦးေဝွ႕တင္ ႏွင့္တကြ ဝန္ထမ္းမ်ား အရပ္သားမ်ားကိုဖမ္းဆီးထားျခင္းမွ လုံျခဳံစိတ္ခ်အႏၲရာယ္ကင္းရွင္းစြာ ခၽြင္းခ်က္မရွိ အျမန္ဆုံး ျပန္လည္လႊတ္ေပးရန္ေတာင္းဆိုေၾကာင္း" အဆိုကို ကိုယ္စားလွယ္မ်ားေဆြးေႏြးၿပီး မဲခြဲဆုံးျဖတ္စဥ္ ေထာက္ခံမဲမ်ားသျဖင့္ အဆိုကိုအတည္ျပဳကာ ကန႔္ကြက္ ရွုတ္ခ်လိုက္ျခင္းျဖစ္သည္။
ေထာက္ခံမဲေပးသူ ၃၇၆ဦး၊ကန႔္ကြက္သူ ၇ဦး၊ၾကားေန ၃ဦး၊မဲမေပးသူ ၁၉၀ဦး ရွိခဲ့သည္ကိုလည္း ေတြ႕ရသည္။
လႊတ္ေတာ္တက္ရန္လာသည့္ ခ်င္းအမတ္ ဦးေဝွ႕တင္းကို နိုဝင္ဘာလ ၃ရက္ေန႔က ေအေအက ဖမ္းဆီးခဲ့ၿပီး လက္ရွိအခ်ိန္အထိ ျပန္မလႊတ္ေသးဘဲ ျမန္မာ့တပ္မေတာ္ႏွင့္ ဆက္စပ္ေနသူဟု စြပ္စြဲထားသည္။
တပ္မေတာ္ဘက္က ေအေအ၏ စြပ္စြဲခ်က္ကို ပယ္ခ်ထားသည့္အျပင္ လႊတ္ေပးရန္အတြက္ NLDပါတီက စာထုတ္ေတာင္းဆိုျခင္း၊ခ်င္းအရပ္ဖက္အဖြဲ႕အစည္းမ်ားက ေတာင္းဆိုျခင္းမ်ားျပဳလုပ္ထားေသာ္လည္း ေအေအဘက္က တစ္စုံတစ္ရာတုန႔္ျပန္မွုမ်ား မျပဳလုပ္ေသးေၾကာင္းသိရသည္။
No comments:
Post a Comment