Friday, November 29, 2019

ရှမ်းပြည်နယ်အတွင်း ဘိန်းခင်းဧက ၇၀၀ ကျော်အား ဖျက်ဆီး

Image may contain: one or more people, mountain, grass, outdoor and nature

နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ အင်းနီကျေးရွာ၏အနောက်တောင်ဘက် တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၂၀ ဧကခန့်အားလည်းကောင်း၊ လိန်းညားကျေးရွာအုပ်စု၊ တခါးယဉ်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၃၃.၅ ဧကခန့်အားလည်းကောင်း၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဘန်းမိုက်ကျေးရွာ၏ တောင်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၁၆ ဧကခန့်အား လည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဘိန်းခင်း ၅၄၀ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဘိန်းခင်း ၂၀၈ ဧက တို့အား ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
<zawgyi>
ရှမ်းပြည်နယ်အတွင်း ဘိန်းခင်းဧက ၇၀၀ ကျော်အား ဖျက်ဆီး
Friday,November 29 ,2019

နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ အင်းနီကျေးရွာ၏အနောက်တောင်ဘက် တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၂၀ ဧကခန့်အားလည်းကောင်း၊ လိန်းညားကျေးရွာအုပ်စု၊ တခါးယဉ်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၃၃.၅ ဧကခန့်အားလည်းကောင်း၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဘန်းမိုက်ကျေးရွာ၏ တောင်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၁၆ ဧကခန့်အား လည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဘိန်းခင်း ၅၄၀ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဘိန်းခင်း ၂၀၈ ဧက တို့အား ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News #CCDAC

No comments:

Post a Comment