
အင်းတော်ကြီး ရေလယ်ဘုရား၏ ရင်ပြင်တော်တိုးချဲ့မှုအတွက် ရန်ကုန်အခြေစိုက် Myanmar Services Co.ltd ကုမ္ပဏီမှ တာဝန်ယူပြီး မြေသားနမူနာစစ်ဆေးခြင်းလုပ်ငန်းကို အောက်တိုဘာလ လယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာတွင် စက်လှေကြံ့ခိုင်မှု စိတ်မချရသဖြင့် ခေတ္တရပ်နားထားရခြင်း ဖြစ်သည်။




Ref-#EPN
<<Zawgyi>>
မြန်မာနိုင်ငံ၏ အကြီးဆုံးအင်းတော်ကြီးကန်ရှိ ရွှေမ ဉ္ဇူရေလယ်ဘုရား ရင်ပြင်တိုးချဲ့မှု အခက် အခဲရှိ၍ ခေတ္တရပ်နားထားရ
Tuesday , November 5 , 2019
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှ မြန်မာနိုင်ငံ၏ အကြီးဆုံးအင်းတော်ကြီးကန်ရှိ ရွှေမ ဉ္ဇူရေလယ်ဘုရား၏ ရင်ပြင်တော်တိုးချဲ့ရေးလုပ်ငန်းအတွက် မြေသားအနေအထား စမ်းသပ်မှုလုပ်ငန်းကို အောက်တိုဘာလ လယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက် အခက်အခဲတချို့ရှိလာသဖြင့် ခေတ္တရပ်ဆိုင်းထားကြောင်း ရွှေမ ဉ္ဇူ ရေလယ်ဘုရား ဂေါပကအဖွဲ့ထံံမှ သိရသည်။
"အင်းတော်ကြီးရွှေမ ဉ္ဇူရေလယ်ဘုရား ရင်ပြင်တော်ကို ပေ(၁၀၀)အထိဖြစ်အောင် တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ်။ အခုလောလောဆယ် လုပ်ငန်းရပ်ဆိုင်းထားရတဲ့ အကြောင်းကတော့ ဖေါင်ဖွဲ့ ထားတဲ့စက်လှေ(၂)စီးက အစောပိုင်းက အဆင်ပြေပေမဲ့ တူးဖေါ်ရေးလုပ်ငန်းက ပေ(၁၄၀)အထိ ရောက်တော့ ဖေါင်ဖွဲ့ထားတဲ့စက်လှေတွေက ကြံ့ခိုင်မှု စိတ်မချရတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းထား ရတာပါ"ဟု ရွှေမ ဉ္ဇူရေလယ်ဘုရားဂေါပကအဖွဲ့ ယာယီဥက္ကဋ္ဌ ဦးတင်အောင်က ပြောဆိုသည်။
အင်းတော်ကြီးရွှေမ ဉ္ဇူရေလယ်ဘုရားသို့ တစ်နှစ်ထက်တစ်နှစ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်မှုများကြောင့် ရင်ပြင်တော်အားတိုးချဲ့ရန် အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်နေ့က မိုးညှင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေဆုံးဖြတ်ချက်အရ ရွှေမ ဉ္ဇူရေလယ်ဘုရား ရင်ပြင်တော်အား ပေ(၁၀၀)အထိ ဖြစ်အောင်တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ကြပြီး Soil Test စမ်းသပ်ရန်အတွက် ဘုရားရင်ပြင်တော်အနီး(၄) ပွိုင့်နှင့် အခြားနေရာ (၁၁)ပွိုင့်တို့အား ကျောက်ဖေါက်တွင်းတူးစက်ဖြင့် တူးဖေါ်စစ်ဆေးမည်ဖြစ်ပြီး မြေသားအနေအထား အဖြေထွက်လာမှသာ ရင်ပြင်တော်ဒီဇိုင်းရေးဆွဲ နှိုင်ကာ ရင်ပြင်တော်တိုးချဲ့ရေး ကုန်ကျစရိတ်အား ခန့်မှန်းတွက် ချက်နိုင်မှာဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှသိရသည်။
အင်းတော်ကြီး ရေလယ်ဘုရား၏ ရင်ပြင်တော်တိုးချဲ့မှုအတွက် ရန်ကုန်အခြေစိုက် Myanmar Services Co.ltd ကုမ္ပဏီမှ တာဝန်ယူပြီး မြေသားနမူနာစစ်ဆေးခြင်းလုပ်ငန်းကို အောက်တိုဘာလ လယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာတွင် စက်လှေကြံ့ခိုင်မှု စိတ်မချရသဖြင့် ခေတ္တရပ်နားထားရခြင်း ဖြစ်သည်။
အင်းတော်ကြီး ရွှေမ ဉ္ဇူရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း(၈)ရက် နေ့မှ တပေါင်းလပြည့်နေ့အထိ စည်ကားသိုက် မြိုက်စွာ ကျင်းပလေ့ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရာဖူးများ လာရောက်လေ့ရှိပြီး ယခုလိုဆောင်း တွင်းကာလတွင် ပြည်တွင်းပြည်ပမှ ငှက်ဝါသနာ ရှင်များမှလည်း ဆောင်ခိုငှက်များအားလာရောက် လေ့လာလေ့ရှိကြောင်း သိရသည်။
Ref-#EPN
#Myanmar_Online_News #အင်းတော်ကြီးကန် #ရွှေမ ဉ္ဇူရေလယ်ဘုရား






0 comments:
Post a Comment