ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တောင်ပိုင်းဆိပ်ကမ်းတစ်ခုမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကနဦး ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဒဏ်ရာကြောင့် ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ လမ်းသွားလမ်းလာတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မီးလောင်မှုကြောင့်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ အရေးပေါ်အခြေအနေနဲ့ ကုသနေရသူတွေလည်းရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိန်းသိမ်းမှုအားနည်းချက်ကြောင့် အခုလို ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။
Ref; indiatoday
(Unicode)
ဘင်္ဂလားဒေ့ရှ်တွင် ဓာတ်ငွေ့ပိုက်လိုင်း မီးလောင်ပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံး
…………………………………………………………………
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တောင်ပိုင်းဆိပ်ကမ်းတစ်ခုမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကနဦး ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဒဏ်ရာကြောင့် ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ လမ်းသွားလမ်းလာတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မီးလောင်မှုကြောင့်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ အရေးပေါ်အခြေအနေနဲ့ ကုသနေရသူတွေလည်းရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိန်းသိမ်းမှုအားနည်းချက်ကြောင့် အခုလို ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။
Ref; indiatoday

0 comments:
Post a Comment