Friday, November 1, 2019

ကချင်ပြည်နယ်အတွင်းရှိ ခွေးလေခွေးလွင့်တိုးပွားနေမှုများကို နည်းပါးသွားစေရန် အဆိပ်ချစနစ်ဖြင့် သုတ်သင်ရှင်းလင်း

Image may contain: one or more people, dog, outdoor and nature

ကချင်ပြည်နယ်အတွင်း ခွေးလေခွေးလွင့် တိုးပွားနေမှုများကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အဆိပ်ချစနစ်ဖြင့် ရှင်းလင်း လုပ်ဆောင်မှုများကို ဒီဇင်ဘာလအတွင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကပြောဆိုသည်။

အဆိုပါ ရှင်းလင်းလုပ်ဆောင်မှုများကို မြစ်ကြီးနားမြို့ပေါ်နှင့် ခရိုင် မြို့များဖြစ်သည့် မိုးညှင်း၊ဗန်းမော်၊ဖားကန့် စသည့် မြို့ကြီးများမှာ ဦးစားပေးအနေဖြင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းသို့ ခွေးလေခွေးလွင့်ရှင်းလင်းမှုများ မလုပ်ဆောင်ခင် တစ်ပတ်ကြိုတင်ကာ ရပ်ကွက်များအတွင်း ကြေညာအသိပေးသွားမှာဖြစ်သည့်အတွက် အိမ်မွေးတိရိစ္ဆာန်မွေးထားသူများအနေဖြင့် စနစ်တကျထိန်းသိမ်းကြရန် စည်ပင်သာယာရေးဦးစီးဌာနက တိုက်တွန်းပြောဆိုထားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားစည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် ယခင်နှစ်များအတွင်း ခွေးလေခွေးလွင့်တိုးပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အဆိပ်ချ ရှင်းလင်းသည့်စနစ်ဖြင့်လုပ်ဆောင်မှုများရှိခဲ့ပြီး ယခုနှစ်မှာတော့ ဒီဇင်ဘာလမှစတင်ကာ တစ်လတာ စီမံကိန်းဖြစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
Image may contain: dog and outdoor
Image may contain: outdoor
သတင်း- မင်းမင်း
<<zawgyi>>

#Myanmar_Online_News

No comments:

Post a Comment