ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စအပါအဝင် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်များအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရေးကိစ္စကို အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ဆက်လက် ဆွေးနွေးနေပါတယ်။
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်တန့်နေတာ တစ်နှစ်ခန့်ကြာနေပြီဖြစ်တာကြောင့် ရှေ့ဆက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
လက်ရှိအချိန်ဟာ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးအတွက် အကဲဆတ်နေတဲ့ ကာလဖြစ်တာမို့ ကိုင်တွယ်ဖြေရှင်းရာမှာ စိတ်ရှည်သည်းခံဖို့လည်း တိုက်တွန်းထားပါတယ်။
(Unicode)
ချင်းမိုင်မှာ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေ

0 comments:
Post a Comment