တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၄ရက် ကနေ ၁၂ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဖွင့်ပွဲဖြစ်တဲ့ နိုဝင်ဘာလ ၄ရက်ညက ယာဉ်ရပ်နားခကို ပွဲကျင်းပရေးကော်မတီမှ သတ်မှတ်ထားတဲ့နှုန်းထားထက် ပိုမိုကောက်ခံမှုတွေရှိနေကြောင်း ပွဲတော်သွားလာသူတွေထံမှ သိရပါတယ်။
ပွဲဧရိယာအတွင်းနဲ့ အနီးတဝိုက်မှာ အခကြေးငွေနဲ့ ယာဉ်ရပ်နားတဲ့ နေရာတွေကို ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတွေက ခွင့်ပြုပေးထားပြီး မော်တော်ဆိုင်ကယ်တစ်စီးကို ၁၀၀၀ကျပ်၊ မော်တော်ယာဉ်တစ်စီးကို ၃၀၀၀ကျပ်သာ ကောက်ခံခွင့်ပြုထား ခဲ့ပေမယ့် ဖွင့်ပွဲည သွားရောက်ခဲ့ကြသူတွေက မော်တော်ဆိုင်ကယ် တစ်စီးကို ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ မော်တော်ယာဉ်တစ်စီး ကို ၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
ဒါအပြင် ဖွင့်ပွဲညမှာ “ဒေလီယာ”စိန်နားပန်အမျိုးအစား မီးပုံးပျံ ပျက်ကျမှု၊ HONDA 125အမျိုးအစား အနက်ရောင်ဆိုင်ကယ် ပျောက်ဆုံးမှု၊ ပွဲတော် အသွားလမ်းမှာ ကားနဲ့ဆိုင်ကယ် မတော်တဆ ချိတ်မိမှုနဲ့ ပွဲဧရိယာအတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

<<zawgyi>>
တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ယာဉ်ရပ်နားခအား ပိုမိုကောက်ခံမှုများရှိနေ
Tuesday , November 5,2019
တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၄ရက် ကနေ ၁၂ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဖွင့်ပွဲဖြစ်တဲ့ နိုဝင်ဘာလ ၄ရက်ညက ယာဉ်ရပ်နားခကို ပွဲကျင်းပရေးကော်မတီမှ သတ်မှတ်ထားတဲ့နှုန်းထားထက် ပိုမိုကောက်ခံမှုတွေရှိနေကြောင်း ပွဲတော်သွားလာသူတွေထံမှ သိရပါတယ်။
ပွဲဧရိယာအတွင်းနဲ့ အနီးတဝိုက်မှာ အခကြေးငွေနဲ့ ယာဉ်ရပ်နားတဲ့ နေရာတွေကို ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတွေက ခွင့်ပြုပေးထားပြီး မော်တော်ဆိုင်ကယ်တစ်စီးကို ၁၀၀၀ကျပ်၊ မော်တော်ယာဉ်တစ်စီးကို ၃၀၀၀ကျပ်သာ ကောက်ခံခွင့်ပြုထား ခဲ့ပေမယ့် ဖွင့်ပွဲည သွားရောက်ခဲ့ကြသူတွေက မော်တော်ဆိုင်ကယ် တစ်စီးကို ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ မော်တော်ယာဉ်တစ်စီး ကို ၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
ဒါအပြင် ဖွင့်ပွဲညမှာ “ဒေလီယာ”စိန်နားပန်အမျိုးအစား မီးပုံးပျံ ပျက်ကျမှု၊ HONDA 125အမျိုးအစား အနက်ရောင်ဆိုင်ကယ် ပျောက်ဆုံးမှု၊ ပွဲတော် အသွားလမ်းမှာ ကားနဲ့ဆိုင်ကယ် မတော်တဆ ချိတ်မိမှုနဲ့ ပွဲဧရိယာအတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

No comments:
Post a Comment