မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့သို့ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၉ ရက်နေ့တွင် သွားရောက်ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည် ။
သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) ညောင်သုံးပင်ဆရာတော် ဒေါက်တာ ရှင်တေဇောသာရာဘိဝံသ ၏ ညောင်သုံးပင် ဘုန်းတော်ကြီးကျောင်း ဗိမ္မာန်တော်ကို ဖွင့်လှစ်ပွဲသို့ တက်ရောက်မည်ဖြစ်သည် ။
``နိုင်ငံတော် အတိုင်ပင်ခံ မိုးကုတ်ကို လာမယ် ။ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံဖို့ရှိတယ်။ တခြားပြင်ဆင်ထားတာတော့ ဘာမှမရှိပါဘူး။´´ ဟု မိုးကုတ်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းတင် က ပြောသည် ။
ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် မိုးကုတ်မြို့သို့ ပထမဆုံး လာရောက်မည်ဖြစ်ပြီး မြို့မိမြို့ဖမှာ တာဝန်ရှိတဲ့ ၁၅ ဦးနဲ့ပဲ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

<zagyi>
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့သွားရောက်ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးမည်
Friday , November 8, 2019
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့သို့ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၉ ရက်နေ့တွင် သွားရောက်ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည် ။
သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) ညောင်သုံးပင်ဆရာတော် ဒေါက်တာ ရှင်တေဇောသာရာဘိဝံသ ၏ ညောင်သုံးပင် ဘုန်းတော်ကြီးကျောင်း ဗိမ္မာန်တော်ကို ဖွင့်လှစ်ပွဲသို့ တက်ရောက်မည်ဖြစ်သည် ။
``နိုင်ငံတော် အတိုင်ပင်ခံ မိုးကုတ်ကို လာမယ် ။ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံဖို့ရှိတယ်။ တခြားပြင်ဆင်ထားတာတော့ ဘာမှမရှိပါဘူး။´´ ဟု မိုးကုတ်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းတင် က ပြောသည် ။
ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် မိုးကုတ်မြို့သို့ ပထမဆုံး လာရောက်မည်ဖြစ်ပြီး မြို့မိမြို့ဖမှာ တာဝန်ရှိတဲ့ ၁၅ ဦးနဲ့ပဲ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment