Sunday, November 17, 2019

သံစားကျောက် လိမ်လည်ရောင်းချကာ စရံငွေရယူထွက်ပြေးမှုဖြစ်ပွား

Image may contain: foodImage may contain: food

သံစားကျောက် လိမ်လည်ရောင်းချကာ စရံငွေရယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၅)ရက်နေ့ ညနေ (၀၅၀၀)နာရီအချိန်ခန့်တွင် ဦးဆမ်ရိုင်း ၄၃ နှစ် (၁၀) ရပ်ကွက်၊ ကမာရွတ်မြို့နယ် နေသူပါ ကျား (၅ )ဦးအဖွဲ့သည် ကိုကျော်မင်းခိုင်(၃၇)နှစ် ပေါက်ကုန်းကျေးရွာ အုတ်တွင်းမြို့နေသူ၏ ဆက်သွယ် ကမ်းလှမ်းချက်အရ သံစားကျောက် ဝယ်ယူရန်အတွက် အမြန်လမ်း ၁၂၂ မိုင် အနီးတွင် တွေ့ဆုံရန် ချိန်းဆိုရောက်ရှိပြီး ဦးဆမ်ရိုင်းမှ ကျော်မင်းခိုင်ပါ (၆ )ဦးအဖွဲ့ထံမှ နမူနာကျောက်ကို ကြည့်ကာ စရံငွေ ငါးသိန်းကျပ်ပေးပြီး နောက်နေ့ နံနက်တွင် အရောင်းအဝယ် လုပ်မည်ဖြစ်ကြောင်း သဘောတူ ညှိနှိုင်း၍ နေပြည်တော်သို့ ပြန်လည်ညအိပ်ခဲ့သည်။ 
နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၀၇၃၀) အချိန်ခန့်တွင် ချိန်းဆိုထားသည့် ရန်ကုန်- နေပြည်တော် လမ်း ၁၁၈/၇- ၁၁၉/၀ကြား နေရာသို့ ရောက်ရှိပြီး ကျောက်အား သိန်း ၆၀၀၀ ဖြင့် ရောင်းချရန် ညှိနှိုင်းကမ်းလှမ်းသဖြင့် စရံသိန်း (၁၅၀ )ဖြင့် စာချုပ် ချုပ်ဆိုရန် ကျေးရွာလူကြီးများ ရှိသည့် နေရာသို့သွားရန် ပြောကြားပြီး သွားရောက်ကြရာ ကိုကျော်မင်းခိုင်တို့အဖွဲ့သည် လိုက်ပါ ရောက်ရှိလာခြင်း မရှိဘဲ ကျောက်အားထားခဲ့ကာ ငွေသိန်း ၁၅၀ ထုပ်အား ယူဆောင်ကာ လမ်းတွင် ဆိုင်ကယ်များဖြင့် ထွက်ပြေး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကျော်ကများအား ခွဲကြည့်ရာ ဆေးဆိုးထားသည့် လမ်းခင်းကျောက်များ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဖြူးစခန်းသို့ လာရောက် သတင်းပို့ တိုင်ကြားသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်၍ မသင်္ကာတရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Image may contain: one or more people, people standing, text and outdoor
Image may contain: text
သံစားကျောက် လိမ်လည်ရောင်းချကာ စရံငွေရယူထွက်ပြေးမှုဖြစ်ပွား
--- --- ---

သံစားကျောက် လိမ်လည်ရောင်းချကာ စရံငွေရယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ (၅)ရက်နေ့ ညနေ (၀၅၀၀)နာရီအချိန်ခန့်တွင် ဦးဆမ်ရိုင်း ၄၃ နှစ် (၁၀) ရပ်ကွက်၊ ကမာရွတ်မြို့နယ် နေသူပါ ကျား (၅ )ဦးအဖွဲ့သည် ကိုကျော်မင်းခိုင်(၃၇)နှစ် ပေါက်ကုန်းကျေးရွာ အုတ်တွင်းမြို့နေသူ၏ ဆက်သွယ် ကမ်းလှမ်းချက်အရ သံစားကျောက် ဝယ်ယူရန်အတွက် အမြန်လမ်း ၁၂၂ မိုင် အနီးတွင် တွေ့ဆုံရန် ချိန်းဆိုရောက်ရှိပြီး ဦးဆမ်ရိုင်းမှ ကျော်မင်းခိုင်ပါ (၆ )ဦးအဖွဲ့ထံမှ နမူနာကျောက်ကို ကြည့်ကာ စရံငွေ ငါးသိန်းကျပ်ပေးပြီး နောက်နေ့ နံနက်တွင် အရောင်းအဝယ် လုပ်မည်ဖြစ်ကြောင်း သဘောတူ ညှိနှိုင်း၍ နေပြည်တော်သို့ ပြန်လည်ညအိပ်ခဲ့သည်။ 
နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၀၇၃၀) အချိန်ခန့်တွင် ချိန်းဆိုထားသည့် ရန်ကုန်- နေပြည်တော် လမ်း ၁၁၈/၇- ၁၁၉/ဝကြား နေရာသို့ ရောက်ရှိပြီး ကျောက်အား သိန်း ၆၀၀၀ ဖြင့် ရောင်းချရန် ညှိနှိုင်းကမ်းလှမ်းသဖြင့် စရံသိန်း (၁၅၀ )ဖြင့် စာချုပ် ချုပ်ဆိုရန် ကျေးရွာလူကြီးများ ရှိသည့် နေရာသို့သွားရန် ပြောကြားပြီး သွားရောက်ကြရာ ကိုကျော်မင်းခိုင်တို့အဖွဲ့သည် လိုက်ပါ ရောက်ရှိလာခြင်း မရှိဘဲ ကျောက်အားထားခဲ့ကာ ငွေသိန်း ၁၅၀ ထုပ်အား ယူဆောင်ကာ လမ်းတွင် ဆိုင်ကယ်များဖြင့် ထွက်ပြေး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကျော်ကများအား ခွဲကြည့်ရာ ဆေးဆိုးထားသည့် လမ်းခင်းကျောက်များ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဖြူးစခန်းသို့ လာရောက် သတင်းပို့ တိုင်ကြားသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်၍ မသင်္ကာတရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment