နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဖမ်းဆီးခံထားရသည့် ကရင်နီ လူငယ် ၆ ဦးကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် အမိန့် ချမည်ဖြစ်သည့်အတွက် ကရင်နီပြည်သူလူထုများ၊ တောင်သူများ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ လာရောက်ဝန်းရံစောင့်ဆိုင်းနေကြောင်း သိရှိရသည်။
ယနေ့ရုံးထုတ်အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ရေးကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

<<zawgyi>>
ယနေ့ အမိန့်ချမှတ်မည့် ကရင်နီလူငယ် ၆ ဦးအား ကရင်နီပြည်သူလူထုများက လာရောက်ဝန်းရံ
Thursday, November 7, 2019
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဖမ်းဆီးခံထားရသည့် ကရင်နီ လူငယ် ၆ ဦးကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် အမိန့် ချမည်ဖြစ်သည့်အတွက် ကရင်နီပြည်သူလူထုများ၊ တောင်သူများ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ လာရောက်ဝန်းရံစောင့်ဆိုင်းနေကြောင်း သိရှိရသည်။
ယနေ့ရုံးထုတ်အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ရေးကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News #KnIC
No comments:
Post a Comment