၂၀၂၀ - ၂၀၂၁ တွင် ပြောင်းလဲမည့် Grade 10 သင်ရိုးသစ် ဘာသာတွဲတိုင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာတို့ကို မသင်မနေရ သင်ယူရမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက်က ကျင်းပသည့် အခြေခံပညာ အထက်တန်းအဆင့် ဦးဆောင်ပို့ချသူများဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ဘာသာရပ်တွဲများ အကြောင်းအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ် သည်။
“ ဒီလိုသင်ရိုးသစ်များ ပြုပြင်ပြောင်းလဲရခြင်းသည် ကျောင်းသားကျောင်းသူများကို လူသားကောင်းများဖြစ်လာစေရန်ဖြစ်ပါတယ်။ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်မှာ Grade -4 Grade - 7Grade -10 သင်ရိုးသစ်များကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ သင်ရိုးသစ် Grade -10 သင်ကြားရာမှာ ဘာသာရပ်တွဲ ဖွဲ့စည်းပုံများကို ပိုမိုထိရောက်အကျိုးရှိအောင် စီစဉ်ထားပါတယ်။ ဘာသာတွဲတိုင်းမှာ မြန်မာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ စာရိတ္တနှင့် ပြည်သူနီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာတို့ကို မသင်မနေရ သင်ယူရမှာဖြစ်ပြီးတော့ ကာယပညာ၊ ပန်းချီနှင့် ဂီတဘာသာရပ်များထဲက တစ်ခုကိုရျွေးချယ်သင်ယူရမှာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။
သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲရာတွင် KG+12 အစီအစဉ်အရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG သင်ရိုးသစ်၊ ၂၀၁ ၇-၂၀၁၈ ပညာသင်နှစ်တွင် Grade1၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade -2 ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade 3 နှင့် အလယ်တန်းအဆင့် အတွက် Grade -6 သင်ရိုးသစ်များကို ပြောင်းလဲသင်ကြားလျက်ရှိသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းပေါင်း ၄၇၀၀၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမ နှင့် ကျောင်းအုပ်များအပါဝင် စုစုပေါင်း ဝန်ထမ်း ၄၀၂၃၇၄ ဦးဖြစ်ပြီး ဆရာ ၁၇ ရာခိုင်နှုန်း၊ ဆရာမ ၈၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
(Unicode)
Grade 10 သင်ရိုးသစ် ဘာသာတွဲတိုင်းတွင် စာရိတ္တနှင့် ပြည်သူ့နီတိ ၊ ဘဝတွက်တာ ကျွမ်းကျင်စရာတို့ကို မသင်မနေရ သင်ယူရ မည်
၂၀၂၀ - ၂၀၂၁ တွင် ပြောင်းလဲမည့် Grade 10 သင်ရိုးသစ် ဘာသာတွဲတိုင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာတို့ကို မသင်မနေရ သင်ယူရမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက်က ကျင်းပသည့် အခြေခံပညာ အထက်တန်းအဆင့် ဦးဆောင်ပို့ချသူများဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ဘာသာရပ်တွဲများ အကြောင်းအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ် သည်။
“ ဒီလိုသင်ရိုးသစ်များ ပြုပြင်ပြောင်းလဲရခြင်းသည် ကျောင်းသားကျောင်းသူများကို လူသားကောင်းများဖြစ်လာစေရန်ဖြစ်ပါတယ်။ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်မှာ Grade -4 Grade - 7Grade -10 သင်ရိုးသစ်များကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ သင်ရိုးသစ် Grade -10 သင်ကြားရာမှာ ဘာသာရပ်တွဲ ဖွဲ့စည်းပုံများကို ပိုမိုထိရောက်အကျိုးရှိအောင် စီစဉ်ထားပါတယ်။ ဘာသာတွဲတိုင်းမှာ မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စာရိတ္တနှင့် ပြည်သူနီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာတို့ကို မသင်မနေရ သင်ယူရမှာဖြစ်ပြီးတော့ ကာယပညာ၊ ပန်းချီနှင့် ဂီတဘာသာရပ်များထဲက တစ်ခုကိုရျွေးချယ်သင်ယူရမှာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။
သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲရာတွင် KG+12 အစီအစဉ်အရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG သင်ရိုးသစ်၊ ၂၀၁ ၇-၂၀၁၈ ပညာသင်နှစ်တွင် Grade1၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade -2 ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade 3 နှင့် အလယ်တန်းအဆင့် အတွက် Grade -6 သင်ရိုးသစ်များကို ပြောင်းလဲသင်ကြားလျက်ရှိသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းပေါင်း ၄၇၀၀၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမ နှင့် ကျောင်းအုပ်များအပါဝင် စုစုပေါင်း ဝန်ထမ်း ၄၀၂၃၇၄ ဦးဖြစ်ပြီး ဆရာ ၁၇ ရာခိုင်နှုန်း၊ ဆရာမ ၈၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
No comments:
Post a Comment