ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဥက္ကဋ္ဌ ဦးသန်းဌေးသည် National Democratic Institute (NDI) ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း H.E.Mr. Derek Mitchell အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ (၁၀:၀၀) နာရီတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်း လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် National Democratic Institute (NDI) မှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုအခြေအနေများ၊ မြန်မာနိုင်ငံရေးတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်အသီးသီးတွင် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ် အမှုဆောင် ဦးစိုးနိုင်၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက်ခဲ့ကြပြီး National Democratic Institute (NDI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း H.E.Mr. Derek Mitchell နှင့်အတူ အဖွဲ့ဝင် (၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

<<Zawgyi>>
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး National Democratic Institute (NDI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း H.E.Mr. Derek Mitchell အား လက်ခံတွေ့ဆုံ
Friday , November 22 ,2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဥက္ကဋ္ဌ ဦးသန်းဌေးသည် National Democratic Institute (NDI) ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း H.E.Mr. Derek Mitchell အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ (၁၀:၀၀) နာရီတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်း လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် National Democratic Institute (NDI) မှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုအခြေအနေများ၊ မြန်မာနိုင်ငံရေးတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်အသီးသီးတွင် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ် အမှုဆောင် ဦးစိုးနိုင်၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက်ခဲ့ကြပြီး National Democratic Institute (NDI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း H.E.Mr. Derek Mitchell နှင့်အတူ အဖွဲ့ဝင် (၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
#USDP #Myanmar_Online_News #အမေရိကန်သံအမတ်ကြီးဟောင်း #H_E_Mr_Derek_Mitchell
No comments:
Post a Comment