
ရုရှားရေတပ်မှာ တပ်တော်၀င်အသုံးပြုသွားဖို့အတွက် Project 636.6 ရေငုပ်သင်္ဘော ၂ စီးဖြစ်တဲ့ Ufa နဲ့ Magadan တို့ကို ဧရာခင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တပ်တော်၀င်ပြီးသွားရင် ရုရှားရေတပ်၊ ပစိဖိတ်ရေယာဉ်စုမှာ ထားရှိသွားဖို့ လျာထားပါတယ်။ အဲ့ဒီ ဧရာခင်းအခမ်းအနားကို ရုရှားရေတပ်အကြီးအကဲ Russian Navy Commander-in-Chief ဖြစ်သူ Nikolai Yevmenov နဲ့ Admiralty Shipyard က CEO ဖြစ်သူ Alexander Buzakov တို့ တက်ရောက်ခဲ့ပါတယ်။
အခု ရေချပွဲပြုလုပ်တဲ့ Project 636.3 ရေငုပ်သင်္ဘော ၂ စီးဟာ Admiralty Shipyard က တည်ဆောက်တဲ့ ပစိဖိတ်ရေယာဉ်စုမှာထားရှိမဲ့ တတိယနဲ့ စတုတ္ထအစီးမြောက်ဖြစ်ပါတယ်။ စုစုပေါင်း ၆ စီးထိ တည်ဆောက်သွားမှာပဲဖြစ်ပါတယ်။ ပထမဆုံး ၂ စီးကို ရုရှားရေတပ် ပင်လယ်နက်ရေယာဉ်စု (Black Sea Fleet) မှာ ထားရှိမှာဖြစ်ပါတယ်။ ၂၁ ရာစု ပြောင်းလဲလာတဲ့ ရေကြောင်းစစ်မဟာဗျူဟာအခြေအနေတွေအရ အရှေ့ဘက်ဒေသတွေကို ပိုမိုစိုးမိုးထားရှိနိုင်ဖို့အတွက် ရုရှားတို့အနေနဲ့ အခုလိုမျိုး ပစိဖိတ်ရေယာဉ်စုကို အင်အားဖြည့်တင်းနေခြင်းပဲဖြစ်ကြောင်း သိရှိရသည်။
Project 636.3 တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ ၂၀၁၆ ခုနှစ်တုန်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပထမဦးဆုံး တည်ဆောက်ပြီးစီးခဲ့တဲ့ ရေငုပ်သင်္ဘော Petropavlovsk-Kamchatsky ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက ပင်လယ်ပြင် စက်စမ်းသပ်ခုတ်မောင်းခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယမြောက်ဖြစ်တဲ့ Volkhov ကို ဒီဇင်ဘာလမှာ ရေချပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။ ပဉ္စမနဲ့ ဆဌမမြောက်အစီးတွေကိုတော့ တည်ဆောက်ရန် လျာထားဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ Project 636.3 ၆ စီးစလုံးကို သက္ကရာဇ် ၂၀၂၂ ခုနှစ်မှာ နောက်ဆုံးအပြီးသတ်ဆောင်ရွက်ဖို့ စီမံကိန်းရေးဆွဲထားကြောင်း သိရှိရသည်။
Project 636.3 ရေငုပ်သင်္ဘောတွေကို NATO အမည်အားဖြင့် Kilo လို့ ခေါ်ပါတယ်။ ဒီဇယ်-အီလက်ထရစ်နည်းပညာသုံး ရေငုပ်သင်္ဘောတွေရဲ့ တတိယမျိုးဆက်ဖြစ်ပါတယ်။ ရေအောက်ခုတ်မောင်းမှုဆိုင်ရာ အသံဆူညံမှု လျှော့ချထားနိုင်အောင် တည်ဆောက်ထားပြီး အမြန်နှုန်း ၁၈ မိုင်နှုန်းရှိမှာဖြစ်ပြီး ရေအောက် ၃၀၀ မီတာအနက်အထိ ငုပ်လျှိုးနိုင်ပါတယ်။ ပင်လယ်ပြင်နေနိုင်စွမ်းကတော့ ၄၅ ရက်ဖြစ်ပါတယ်။ ရေတပ်သားစုစုပေါင်း ၅၂ ဦး လိုက်ပါတာ၀န်ထမ်းဆောင်နိုင်ပါတယ်။ လက်နက်တပ်ဆင်မှုအားဖြင့် ရေပြင်ပစ်ဒုံးပျံ Kalibr Missiles (3M-54 နဲ့ 3M-541) တို့ကိုလည်းကောင်း၊ မြေပြင်ပစ်ဒုံးပျံအဖြစ် Cruise Missiles 3M-14 တို့ကိုလည်းကောင်းတပ်ဆင်ထားရှိပြီး ခေတ်မီအီလက်ထရောနစ်စနစ်သုံးပစ္စည်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ကြောင်း သိရှိရသည်။






<zawgyi>
ရုရှားရေတပ်တွင် Project 636.3 ရေငုပ်သင်္ဘော ၂ စီးအား ဧရာခင်းအခမ်းအနား ကျင်းပ
Friday , November 8, 2019
ရုရှားရေတပ်မှာ တပ်တော်ဝင်အသုံးပြုသွားဖို့အတွက် Project 636.6 ရေငုပ်သင်္ဘော ၂ စီးဖြစ်တဲ့ Ufa နဲ့ Magadan တို့ကို ဧရာခင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တပ်တော်ဝင်ပြီးသွားရင် ရုရှားရေတပ်၊ ပစိဖိတ်ရေယာဉ်စုမှာ ထားရှိသွားဖို့ လျာထားပါတယ်။ အဲ့ဒီ ဧရာခင်းအခမ်းအနားကို ရုရှားရေတပ်အကြီးအကဲ Russian Navy Commander-in-Chief ဖြစ်သူ Nikolai Yevmenov နဲ့ Admiralty Shipyard က CEO ဖြစ်သူ Alexander Buzakov တို့ တက်ရောက်ခဲ့ပါတယ်။
အခု ရေချပွဲပြုလုပ်တဲ့ Project 636.3 ရေငုပ်သင်္ဘော ၂ စီးဟာ Admiralty Shipyard က တည်ဆောက်တဲ့ ပစိဖိတ်ရေယာဉ်စုမှာထားရှိမဲ့ တတိယနဲ့ စတုတ္ထအစီးမြောက်ဖြစ်ပါတယ်။ စုစုပေါင်း ၆ စီးထိ တည်ဆောက်သွားမှာပဲဖြစ်ပါတယ်။ ပထမဆုံး ၂ စီးကို ရုရှားရေတပ် ပင်လယ်နက်ရေယာဉ်စု (Black Sea Fleet) မှာ ထားရှိမှာဖြစ်ပါတယ်။ ၂၁ ရာစု ပြောင်းလဲလာတဲ့ ရေကြောင်းစစ်မဟာဗျူဟာအခြေအနေတွေအရ အရှေ့ဘက်ဒေသတွေကို ပိုမိုစိုးမိုးထားရှိနိုင်ဖို့အတွက် ရုရှားတို့အနေနဲ့ အခုလိုမျိုး ပစိဖိတ်ရေယာဉ်စုကို အင်အားဖြည့်တင်းနေခြင်းပဲဖြစ်ကြောင်း သိရှိရသည်။
Project 636.3 တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ ၂၀၁၆ ခုနှစ်တုန်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပထမဦးဆုံး တည်ဆောက်ပြီးစီးခဲ့တဲ့ ရေငုပ်သင်္ဘော Petropavlovsk-Kamchatsky ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက ပင်လယ်ပြင် စက်စမ်းသပ်ခုတ်မောင်းခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယမြောက်ဖြစ်တဲ့ Volkhov ကို ဒီဇင်ဘာလမှာ ရေချပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။ ပ ဉ္စမနဲ့ ဆဌမမြောက်အစီးတွေကိုတော့ တည်ဆောက်ရန် လျာထားဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ Project 636.3 ၆ စီးစလုံးကို သက္ကရာဇ် ၂၀၂၂ ခုနှစ်မှာ နောက်ဆုံးအပြီးသတ်ဆောင်ရွက်ဖို့ စီမံကိန်းရေးဆွဲထားကြောင်း သိရှိရသည်။
Project 636.3 ရေငုပ်သင်္ဘောတွေကို NATO အမည်အားဖြင့် Kilo လို့ ခေါ်ပါတယ်။ ဒီဇယ်-အီလက်ထရစ်နည်းပညာသုံး ရေငုပ်သင်္ဘောတွေရဲ့ တတိယမျိုးဆက်ဖြစ်ပါတယ်။ ရေအောက်ခုတ်မောင်းမှုဆိုင်ရာ အသံဆူညံမှု လျှော့ချထားနိုင်အောင် တည်ဆောက်ထားပြီး အမြန်နှုန်း ၁၈ မိုင်နှုန်းရှိမှာဖြစ်ပြီး ရေအောက် ၃၀၀ မီတာအနက်အထိ ငုပ်လျှိုးနိုင်ပါတယ်။ ပင်လယ်ပြင်နေနိုင်စွမ်းကတော့ ၄၅ ရက်ဖြစ်ပါတယ်။ ရေတပ်သားစုစုပေါင်း ၅၂ ဦး လိုက်ပါတာဝန်ထမ်းဆောင်နိုင်ပါတယ်။ လက်နက်တပ်ဆင်မှုအားဖြင့် ရေပြင်ပစ်ဒုံးပျံ Kalibr Missiles (3M-54 နဲ့ 3M-541) တို့ကိုလည်းကောင်း၊ မြေပြင်ပစ်ဒုံးပျံအဖြစ် Cruise Missiles 3M-14 တို့ကိုလည်းကောင်းတပ်ဆင်ထားရှိပြီး ခေတ်မီအီလက်ထရောနစ်စနစ်သုံးပစ္စည်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News #navalnews.com #ပင်လယ်ရေကြောင်း
No comments:
Post a Comment