၁။ ဂျပန်ရေတပ် Soryu-Class အမျိုးအစား ရေငုပ်သင်္ဘော နောက်ဆုံးအစီးဖြစ်တဲ့ TORYU ကို ရေချပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ TORYU ဟာ ဂျပန်ရေတပ်ရဲ့ Soryu-Class ရေငုပ်သင်္ဘောတွေထဲမှာ နောက်ဆုံးအစီးဖြစ်ပြီး စုစုပေါင်း ၁၂ စီးရှိပါတယ်။ ကိုယ်ထည်အမှတ်က SS512 ဖြစ်ပါတယ်။ ကာဝါဆာကီ အကြီးစားထုတ်လုပ်ရေးလုပ်ငန်းက တည်ဆောက်ပေးခြင်းဖြစ်ပါတယ်။ လီသီယံ-အိုင်းယွန်း ဘက်ထရီအသုံးပြုထားတဲ့ ဒုတိယအစီးမြောက် Soryu-Class Diesel-Electric တိုက်ခိုက်ရေးရေငုပ်သင်္ဘော (SSK) အမျိုးအစားဖြစ်ပါတယ်။ ၁၂ စီးထဲက ၆ စီးကို ကာဝါဆာကီ က တည်ဆောက်ပေးခြင်းဖြစ်ပြီး နောက် ၆ စီးကို မစ်ဆူဘီရှိ အကြီးစား စက်မှုလုပ်ငန်းက တည်ဆောက်ခြင်းဖြစ်ပါတယ်။ Toryu ဆိုတာက “တိုက်ခိုက်ရေးနဂါး” လို့ အမည်ရပါတယ်။
၂။ ဂျပန်ရေတပ်မှာ Soryu-Class Diesel-Electric Submarines တွေကို သက္ကရာဇ် ၂၀၀၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဟိုက်ဒြိုဒိုင်နဲမစ် (Hydrodynamic) ပုံစံနဲ့တည်ဆောက်ထားတဲ့ Oyashio-Class တွေကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဂျပန်ရေတပ်မှာရှိတဲ့ အခြားသောရေငုပ်သင်္ဘောအမျိုးအစားတွေထက် တန်ချိန်ပိုများတဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။ ရေအောက်ခုတ်မောင်းမှုစနစ်ပိုမိုကောင်းမွန်စေရန်အတွက် Stirling အင်ဂျင်တွေကို အသုံးပြုထားပါတယ်။ အဆင့်မြင့်နည်းပညာအသုံးပြုထားတဲ့ ရေအောက်အာရုံခံကိရိယာကိုလည်း တပ်ဆင်ထားပါတယ်။ ဒါကြောင့်မလို့ ရေအောက်ခုတ်မောင်းမှုပိုင်းဆိုင်ရာမှာ အသံလုံခြုံစွာ ရှိနိုင်မှာပဲဖြစ်ပါတယ်။
၃။ အချက်အလက်အားဖြင့် အလျား ၈၄ မီတာ၊ အကျယ် ၉.၁ မီတာ၊ အမြင့် ၁၀.၃ မီတာ၊ ရေစူး ၈.၄ မီတာ ရှိပါတယ်။ တန်ချိန်အားဖြင့် ၂၉၅၀ တန်ရှိပြီး ရေအောက်ငုပ်လျှိုးရင် ၄၂၀၀ တန်ရှိမှာဖြစ်ပါတယ်။ ရေတပ်သား ၆၅ ဦး လိုက်ပါတာ၀န်ထမ်းဆောင်နိုင်ပါတယ်။ အရာရှိ ၉ ဦး၊ စစ်သည် ၅၆ ဦး ဖြစ်ပါတယ်။ စနစ်တကျ စိစစ် ရွေးချယ်တာ၀န်ပေးအပ်ထားသူများကိုသာ တာ၀န်ထမ်းဆောင်စေမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အမြန်နှုန်းအားဖြင့် 13kt ရှိပြီး ရေအောက်ခုတ်မောင်းမှုက 20kt ဖြစ်ပါတယ်။ အကွာအဝေး ၆၁၀၀ ရေမိုင်ကို 6.5kt နှုန်းနဲ့ ခုတ်မောင်းသွားလာနိုင်မှာဖြစ်ပါတယ်။ လက်နက်တပ်ဆင်မှုအနေနဲ့ HU-606 533mm Torpedo Tubes ၆ ခု ရှိပါတယ်။ ရေအောက်အာရုံခံကိရိယာ၊ ရေပြင်ရေကြောင်းလမ်းညွှန်ရေဒါနဲ့ အီလက်ထရောနစ် ထောက်ပံ့မှုစနစ်တို့ကိုလည်း တပ်ဆင်ထားတဲ့ ခေတ်မီရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။

<<Zawgyi>>
“ဂျပန်ရေတပ်မှ ၁၂စီးမြောက်ရေငုပ်သင်္ဘော(TORYU) ရေချပွဲအခမ်းအနားပြုလုပ်”
Friday , November 8 , 2019
၁။ ဂျပန်ရေတပ် Soryu-Class အမျိုးအစား ရေငုပ်သင်္ဘော နောက်ဆုံးအစီးဖြစ်တဲ့ TORYU ကို ရေချပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ TORYU ဟာ ဂျပန်ရေတပ်ရဲ့ Soryu-Class ရေငုပ်သင်္ဘောတွေထဲမှာ နောက်ဆုံးအစီးဖြစ်ပြီး စုစုပေါင်း ၁၂ စီးရှိပါတယ်။ ကိုယ်ထည်အမှတ်က SS512 ဖြစ်ပါတယ်။ ကာဝါဆာကီ အကြီးစားထုတ်လုပ်ရေးလုပ်ငန်းက တည်ဆောက်ပေးခြင်းဖြစ်ပါတယ်။ လီသီယံ-အိုင်းယွန်း ဘက်ထရီအသုံးပြုထားတဲ့ ဒုတိယအစီးမြောက် Soryu-Class Diesel-Electric တိုက်ခိုက်ရေးရေငုပ်သင်္ဘော (SSK) အမျိုးအစားဖြစ်ပါတယ်။ ၁၂ စီးထဲက ၆ စီးကို ကာဝါဆာကီ က တည်ဆောက်ပေးခြင်းဖြစ်ပြီး နောက် ၆ စီးကို မစ်ဆူဘီရှိ အကြီးစား စက်မှုလုပ်ငန်းက တည်ဆောက်ခြင်းဖြစ်ပါတယ်။ Toryu ဆိုတာက “တိုက်ခိုက်ရေးနဂါး” လို့ အမည်ရပါတယ်။
၂။ ဂျပန်ရေတပ်မှာ Soryu-Class Diesel-Electric Submarines တွေကို သက္ကရာဇ် ၂၀၀၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဟိုက်ဒြိုဒိုင်နဲမစ် (Hydrodynamic) ပုံစံနဲ့တည်ဆောက်ထားတဲ့ Oyashio-Class တွေကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဂျပန်ရေတပ်မှာရှိတဲ့ အခြားသောရေငုပ်သင်္ဘောအမျိုးအစားတွေထက် တန်ချိန်ပိုများတဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။ ရေအောက်ခုတ်မောင်းမှုစနစ်ပိုမိုကောင်းမွန်စေရန်အတွက် Stirling အင်ဂျင်တွေကို အသုံးပြုထားပါတယ်။ အဆင့်မြင့်နည်းပညာအသုံးပြုထားတဲ့ ရေအောက်အာရုံခံကိရိယာကိုလည်း တပ်ဆင်ထားပါတယ်။ ဒါကြောင့်မလို့ ရေအောက်ခုတ်မောင်းမှုပိုင်းဆိုင်ရာမှာ အသံလုံခြုံစွာ ရှိနိုင်မှာပဲဖြစ်ပါတယ်။
၃။ အချက်အလက်အားဖြင့် အလျား ၈၄ မီတာ၊ အကျယ် ၉.၁ မီတာ၊ အမြင့် ၁၀.၃ မီတာ၊ ရေစူး ၈.၄ မီတာ ရှိပါတယ်။ တန်ချိန်အားဖြင့် ၂၉၅၀ တန်ရှိပြီး ရေအောက်ငုပ်လျှိုးရင် ၄၂၀၀ တန်ရှိမှာဖြစ်ပါတယ်။ ရေတပ်သား ၆၅ ဦး လိုက်ပါတာဝန်ထမ်းဆောင်နိုင်ပါတယ်။ အရာရှိ ၉ ဦး၊ စစ်သည် ၅၆ ဦး ဖြစ်ပါတယ်။ စနစ်တကျ စိစစ် ရွေးချယ်တာဝန်ပေးအပ်ထားသူများကိုသာ တာဝန်ထမ်းဆောင်စေမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အမြန်နှုန်းအားဖြင့် 13kt ရှိပြီး ရေအောက်ခုတ်မောင်းမှုက 20kt ဖြစ်ပါတယ်။ အကွာအဝေး ၆၁၀၀ ရေမိုင်ကို 6.5kt နှုန်းနဲ့ ခုတ်မောင်းသွားလာနိုင်မှာဖြစ်ပါတယ်။ လက်နက်တပ်ဆင်မှုအနေနဲ့ HU-606 533mm Torpedo Tubes ၆ ခု ရှိပါတယ်။ ရေအောက်အာရုံခံကိရိယာ၊ ရေပြင်ရေကြောင်းလမ်းညွှန်ရေဒါနဲ့ အီလက်ထရောနစ် ထောက်ပံ့မှုစနစ်တို့ကိုလည်း တပ်ဆင်ထားတဲ့ ခေတ်မီရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။
Ref-#navalnews_net #ပင်လယ်ရေကြောင်း
#Myanmar_Online_News #ဂျပန်ရေတပ် #ေရငုပ္သေဘၤာ #TORYU
No comments:
Post a Comment