YBSယာဉ်များ စက်တင်ဘာလအတွင်း YBS ယာဉ်မတော်တဆမှု ၁၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၃)ဦး၊ ဒဏ်ရာရရှိသူ ၂၀ ဦးရှိခဲ့ကြောင်း၊ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှု ၁၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံး (၂)ဦး ဒဏ်ရာရသူ၂၂ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။
လက်ရှိတွင် (YRTA) အနေဖြင့် YBS အထူးယာဉ်မောင်းသင်တန်းကို ဖွင့်လှစ်ထားပြီး မွမ်းမံသင်တန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် YBS ယာဉ်များ မတော်တဆမှု ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်လျှော့ချနိုင်ရန် Yangon Bus Operator (YBO) နှင့် ယာဉ်လိုင်းများ၏ ထိန်းချုပ်ခန်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းများတွင် မောင်းနှင်မည့် ယာဉ်မောင်းများကို Smart Card ပါဝင်မှ မောင်းနှင်ရန် ညွှန်ကြားထားကြောင်းနှင့် လက်ရှိအထိ ယာဉ်မောင်း Smart Card စုစုပေါင်း ၆၆၀၂ ဦးကို ထုတ်ပေးထားပြီး အမျိုးသမီးယာဉ်မောင်းကိုးဦး ပါဝင်ကြောင်း သိရသည်။
မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲပြီးနောက် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး YRTA တွင် မှတ်ပုံတင်ထားသည့်ယာဉ် အစီးရေပေါင်း ၆၆၃၅ စီးရှိကာ နေ့စဉ်ယာဉ် အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြည်သူ ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူပို့ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ သိရသည်။

<<Zawgyi>>
YBSယာဉ်များ စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှု ၃၀ မှုဖြစ်ပွားခဲ့သဖြင့် (၅)ဦးသေဆုံးကာ (၄၂) ဦး ဒဏ်ရာရ
Friday , November 8 , 2019
YBSယာဉ်များ စက်တင်ဘာလအတွင်း YBS ယာဉ်မတော်တဆမှု ၁၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၃)ဦး၊ ဒဏ်ရာရရှိသူ ၂၀ ဦးရှိခဲ့ကြောင်း၊ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှု ၁၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံး (၂)ဦး ဒဏ်ရာရသူ၂၂ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။
လက်ရှိတွင် (YRTA) အနေဖြင့် YBS အထူးယာဉ်မောင်းသင်တန်းကို ဖွင့်လှစ်ထားပြီး မွမ်းမံသင်တန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် YBS ယာဉ်များ မတော်တဆမှု ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်လျှော့ချနိုင်ရန် Yangon Bus Operator (YBO) နှင့် ယာဉ်လိုင်းများ၏ ထိန်းချုပ်ခန်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းများတွင် မောင်းနှင်မည့် ယာဉ်မောင်းများကို Smart Card ပါဝင်မှ မောင်းနှင်ရန် ညွှန်ကြားထားကြောင်းနှင့် လက်ရှိအထိ ယာဉ်မောင်း Smart Card စုစုပေါင်း ၆၆၀၂ ဦးကို ထုတ်ပေးထားပြီး အမျိုးသမီးယာဉ်မောင်းကိုးဦး ပါဝင်ကြောင်း သိရသည်။
မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲပြီးနောက် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး YRTA တွင် မှတ်ပုံတင်ထားသည့်ယာဉ် အစီးရေပေါင်း ၆၆၃၅ စီးရှိကာ နေ့စဉ်ယာဉ် အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြည်သူ ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူပို့ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ သိရသည်။
#Myanmar_Online_News #YRTA #YBS #ယာဉ်မတော်တဆမှု
No comments:
Post a Comment