ရှယ်ယာရှင်တွေရဲ့ ကန့်ကွက်မှုကြောင့် ပျက်ပြယ်သွားခဲ့တဲ့ ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမွဏီလီမိတက် (YUPT) ရဲ့ အမှုဆောင်ဒါရိုက်တာ ရွေးချယ်ပွဲက မသမာမှု ပြု လုပ်သူတွေကို စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်ကပြုလုပ်တဲ့ နှစ်ပတ်လည် စုံညီအစည်းအဝေးနဲ့ ဒါရိုက်တာရွေးချယ်ပွဲကို ရှယ်ယာရှင်တွေက ကန့်ကွက်ခဲ့တာကြောင့် ရွေးချယ်ပွဲပျက်သွားခဲ့တာပါ။
" ကျွန်တော်တို့ ကန့်ကွက်ရတဲ့ အဓိကအကြောင်းရင်းက လိမ်လို့ပါ " လို့ ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ဆိုပါတယ်။
လက်ရှိအမှုဆောင် ဒါရိုက်တာများနဲ့ ရှယ်ယာရှင် ကိုယ်စားလှယ်များက နိုဝင်ဘာ ၇ ရက်မှာတွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီးတော့ လာမယ့် ၁၈ ရက်နေ့မှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို စတင်ကောက်ခံဖို့၊ ၂၇ ရက် နေ့မှာ ရွေးကောက်ပွဲပြုလုပ်ဖို့နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖြစ်ရှိမယ့် သူတွေကို အတည်ပြုခဲ့ကြပါတယ်။
ရှယ်ယာရှင် ၂၉၀ ဦးပါဝင်တဲ့ YUPT ကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရှယ်ယာ ကျပ် ၃၅ ဘီလျံ ထည့်ဝင်ထားပါတယ်။ ကုမ္ပဏီကို ၂၀၁၇ ခုနှစ်မှာ ယခင်မထသကားပိုင်ရှင်တွေ စုစည်းတည်ထောင်ခဲ့ကြတာပါ။

<zawgyi>
ရှယ်ယာရှင်တွေ၏ ကန့်ကွက်မှုကြောင့် ပျက်ပြယ်သွားသော YUPT ရွေးကောက်ပွဲအတွင်းက မသာမာသူများကို စစ်ဆေးအရေးယူသွားမည်ဟုဆို
Sunday, November 10, 2019
ရှယ်ယာရှင်တွေရဲ့ ကန့်ကွက်မှုကြောင့် ပျက်ပြယ်သွားခဲ့တဲ့ ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမွဏီလီမိတက် (YUPT) ရဲ့ အမှုဆောင်ဒါရိုက်တာ ရွေးချယ်ပွဲက မသမာမှု ပြု လုပ်သူတွေကို စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်ကပြုလုပ်တဲ့ နှစ်ပတ်လည် စုံညီအစည်းအဝေးနဲ့ ဒါရိုက်တာရွေးချယ်ပွဲကို ရှယ်ယာရှင်တွေက ကန့်ကွက်ခဲ့တာကြောင့် ရွေးချယ်ပွဲပျက်သွားခဲ့တာပါ။
" ကျွန်တော်တို့ ကန့်ကွက်ရတဲ့ အဓိကအကြောင်းရင်းက လိမ်လို့ပါ " လို့ ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ဆိုပါတယ်။
လက်ရှိအမှုဆောင် ဒါရိုက်တာများနဲ့ ရှယ်ယာရှင် ကိုယ်စားလှယ်များက နိုဝင်ဘာ ၇ ရက်မှာတွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီးတော့ လာမယ့် ၁၈ ရက်နေ့မှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို စတင်ကောက်ခံဖို့၊ ၂၇ ရက် နေ့မှာ ရွေးကောက်ပွဲပြုလုပ်ဖို့နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖြစ်ရှိမယ့် သူတွေကို အတည်ပြုခဲ့ကြပါတယ်။
ရှယ်ယာရှင် ၂၉၀ ဦးပါဝင်တဲ့ YUPT ကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရှယ်ယာ ကျပ် ၃၅ ဘီလျံ ထည့်ဝင်ထားပါတယ်။ ကုမ္ပဏီကို ၂၀၁၇ ခုနှစ်မှာ ယခင်မထသကားပိုင်ရှင်တွေ စုစည်းတည်ထောင်ခဲ့ကြတာပါ။

0 comments:
Post a Comment